Friday, April 26, 2024

သီပေါ

သီပေါမြို့ အရပ်သားနေအိမ်သို့ TNLA တပ်သား အချိန်မတော် ဝင်ရောက် အမျိုးသားကို အကြောင်းမဲ့ရိုက်နှက်

သျှမ်းပြည် သီပေါမြို့ ဝမ်ဟိုင်းကျေးရွာအုပ်စု နမ့်ဟူးနွဲ့ကျေးရွာရှိ နေအိမ်တစ်လုံးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ညအချိန်မတော် ဝင်ရောက်ပြီး၊ အိမ်ရှင်အမျိုးသားကို အကြောင်းမဲ့ သေနတ်ဒင်းဖြင့်ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် မတ် ၁၀ရက် ညသန်းခေါင် အချိန်တွင် သီပေါမြို့ ဝမ်ဟိုင်းကျေးရွာအုပ်စု၊...

သီပေါ-နမ္မတူကြား မိုးတေတံတားအနီး ကားတစ်စီး မိုင်းထိ ယာဉ်မောင်း ၁ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါ- နမ္မတူကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင်ဆောင်လာသော ကားတစ်စီး မိုင်းနင်းမိပြီး ပေါက်ကွဲကာ ယာဉ်မောင်းသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇန်ဝါရီလ ၂၂ ရက်) နေ့လည် ၁၂ ဝန်းကျင်တွင် နမ္မမြို့ဘက်မှ ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးသည် မိုးတေကျေးရွာရှိ ချောင်းကူးတံတားအနီးမှ လမ်းမပေါ်သို့...

သီပေါ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်၊ ခလရ-၂၃ မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) နံနက် ၈ နာရီခွဲခန့်မှ စတင်၍ သီပေါမြို့နှင့် မိုင် ၂၀ ခန့်အကွာအဝေးရှိ မိုးတေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် TNLA...

သီပေါ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ် ဒေသခံများ လုံခြုံရေး စိုးရိမ်

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်) ည ၆ နာရီခွဲဝန်းကျင်မှစပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၀၃/၅၀၄ တပ်ရင်းများမှ သီပေါမြို့နယ်အတွင်းရှိ ဘော်ကြို၊ နားခဲနှင့် မိုးတေကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း...

သီပေါ စစ်ဘေးရှောင် ၃၀၀၀ ကျော်၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်

သျှမ်းပြည် သီပေါမြို့နယ်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ယနေ့ (နိုဝင်ဘာ ၂၇ ရက်)အထိ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့်...

အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်မားပြီး အလုပ်အကိုင် ရှားပါးလာသည်နှင့်အမျှ လွယ်လွယ်နဲ့ ပိုက်ဆံရမယ့် အလုပ်မျိုးကို လူအများစု စိတ်ဝင်စားလာကြသည်။ ထိုအထဲတွင် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကြော်ငြာများထည့်သွင်းလာသည့် အွန်လိုင်းဂိမ်းများက ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည်။ အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုကို ခံရသူများထဲတွင် သီပေါမြို့မှ အသက် ၁၉နှစ်အရွယ်...

သီပေါမြို့နယ် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ

သျှမ်းပြည် သီပေါမြို့နယ် မိုင်းခေးကျေးရွာအုပ်စုအတွင်း အသက် ၁၁ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြုခဲ့ကြောင်း သတင်းသိရှိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ ရက် နေ့လည်ပိုင်းတွင် အသက် (၃၅) နှစ်ရှိ စိုင်းပီးဆိုသူသည် ဆိုင်ကယ် တစ်စီးရောင်းရန်အတွက် အသက် ၁၁ နှစ်အရွယ် နန်းအိန်း...

သီပေါ ဘော်ကြိုဘုရားပွဲတော် အကြောင်းပြပြီး စစ်ကောင်စီမှ လောင်းကစားဝိုင်းဖွင့်လှစ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားပွဲတော် (တပေါင်းပွဲ) ကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့မှ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း သတင်းသိရှိရသည်။ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ဘော်ကြိုဘုရားပွဲတော် (တပေါင်းပွဲ) ကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး လပြည့်ကျော် ၁ ရက်အထိ ပဌာန်းရွတ်ခြင်း၊...

မဟာဒေဝီ စဝ်ဆုစန္ဒီ ကွယ်လွန်အနိစ္စ ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ်အလှူပြုလုပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံရောက် သျှမ်းလူထုများက မဟာဒေဝီ စဝ်ဆုစန္နီ ကွယ်လွန်အနိစ္စ ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ် အလှူပြုလုပ်ခဲ့ကြသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) ရက် နံနက်ပိုင်း ၉ နာရီမှစပြီး နေ့လည် ၁၂ နာရီအထိ သျှမ်းလူထုများအပါအဝင် ဆွေမျိုးများနှင့် နီးစပ်သူများအားလုံး လူဦးရေ...

နေရပ်မပြန်သေးသည့် သီပေါစစ်ဘေးရှောင် မိခင်နှင့် ကလေးဆေးကုသရန် အကူအညီ လိုအပ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ စစ်ဘေးရှောင်ရောက်လာသည့် ကုန်းသာမှ စစ်ရှောင် မိခင် နှင့် ကလေးသည် ဆေးကုသရန်အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ကုန်းသာကျေးရွာအုပ်စုမှ ရပ်ကွက် ၁ တွင် နေထိုင်သူ နေရပ်မပြန်ရသေးသည့် အသက် ၃၁နှစ်အရွယ်ရှိ စစ်ရှောင် နန်းခမ်းလူ နှင့် အသက် (၃)နှစ်အရွယ်ရှိ...

Latest news