ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။

ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ ယမန်နှစ် ၂၀၂၅ အောက်တိုဘာလတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘဲ မြို့ပေါ်ရပ်ကွက် (၉) ခုနှင့် မြို့အနီးအနား ကျေးရွာအုပ်စု (၅) စု တွင် မဲရုံ (၂၅) ရုံသာ ဖွင့်လှစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

“စစ်ဖြစ်ပြီးစဆိုတော့ လူတွေက အကုန် ပြန်မလာသေးဘူး၊ မြို့ထဲမှာလည်း အဲ့လိုပဲ မဲသွားထည့်တဲ့လူ နည်းတယ်။ မြို့ပေါ်ရပ်ကွက် ၉ ခုနဲ့ ကျေးရွာအုပ်စု ၅ စုမှာ ပဲ ရွေးကောက်ပွဲ လုပ်နိုင်တယ်။ ပိန္နဲကုန်း၊ ကျောက်မဲကြီး၊ မန်ကျောင်း၊ ခိုမုန်းနဲ့ ကျွဲကုန်းအုပ်စုထဲက ၂၅ ရွာပဲ ပြိုင်ရတယ်။ စစ်တပ်က သူတို့နိုင်ချင်တဲ့ပုံစံ လုပ်ထားတာပေါ့” ဟု ကျောက်မဲမြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်တွင် ကျေးရွာအုပ်စု စုစုပေါင်း ၈၁ စု ရှိသည့်အနက် မြို့အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စု ၅ စုသာ ရွေးကောက်ပွဲကျင်းပနိုင်ပြီး ကျန်ကျေးရွာအုပ်စု (၇၆) စုနှင့် TNLA ဆက်လက်ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့ပေါ် ရပ်ကွက် (၁၁) ခုတို့တွင် ကျင်းပနိုင်ခြင်း မရှိပေ။

ထို့ကြောင့် မြို့နယ်တစ်ခုလုံး၏ (၆) ရာခိုင်နှုန်းတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ရှင်းပြသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) နှစ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်နေသည်။

သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့် ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကို USDP ပါတီမှ ပြိုင်ဘက်မရှိဘဲ အလိုအလျှောက် အနိုင်ရရှိထားသည်။

အလားတူ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု (၁၇) စုတွင် မဲရုံစုစုပေါင်း ၄၂ ရုံ ဖွင့်လှစ်ထားကြောင်း သိရပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်းတွင် ပါဝင်သည့် ကျေးရွာ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံဖွင့်လှစ်ရန် စီစဉ်ထားသည်ကို ပြန်လည်ရွှေ့ပြောင်းပေးရန် ပြောဆိုခဲ့ရကြောင်း သီပေါဒေသခံများထံမှ သိရသည်။

“သီပေါက မဲရုံထားတဲ့ ပြဿနာ နည်းနည်းရှိတယ်၊ မဲမပေးရတဲ့ ရွာမှာ မဲရုံထောင်တာက ဥပဒေမှာ မရှိဘူးလေ။ ဥပမာ နောင်အန်အုပ်စုလိုမျိုးဆိုရင် နောင်ကော်မှာ မဲသွားပေးရမယ်လို့ ရွေး/ကော်ဘက်က အဲ့လိုလုပ်ထားတာ၊ နောင်ကော်အုပ်စုက မဲပေးရမယ့် စာရင်းထဲ မပါဘူးလေ။ ကိုယ်စားလှယ်တွေ တောင်းဆိုလို့ ရွေး/ကော်ဘက်ကတော့ မဲရုံပြန်ရွှေ့ပေးဖို့ သဘောတူလိုက်ရတယ်” ဟု သီပေါမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) အဖြစ် သတ်မှတ်ထားသည့် ‘ဝ’ဒေသတွင် ‘ဝ’အမျိုးသားပါတီ (WNP) မှ ကိုယ်စားလှယ်လောင်းတစ်ဦးတည်း ပြိုင်ဘက်မရှိ အမည်စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ကြေညာထားသည်။

အလားတူ ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် ယမန်နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း ပြောင်းလဲသတ်မှတ်ခဲ့သည့် မက်မန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးတည်း ပြိုင်ဘက်မရှိဘဲ အနိုင်ရရှိထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...