သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇ ဦးအနက် ၅ ဦးမှာ ရေထဲမျောပါသွားပြီး ၂ ဦးသာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ အခု လူတွေက စက်လှေစီးဖို့ ကြောက်နေကြပြီ။ ဒီမိုးရာသီက ရေစီးသန်တော့ ကားရော လှေရော ချက်ချင်းမျောပါသွားတာ။ ဘယ်သူမှ ဘာမှမလုပ်နိုင်လိုက်ဘူး။ ၅ ယောက်ကတော့ ပျောက်ဆုံးနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒေသခံကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိသော်လည်း မိုးရာသီ မြစ်ရေမြင့်တက်မှုနှင့် ရေစီးသန်မှုတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ စက်လှေတိမ်းမှောက်မှုကြောင့် ဒေသခံများမှာ ပိုမိုထိတ်လန့်သွားကြပြီး မြစ်ကိုဖြတ်ကူးတိုင်း အသက်ဘေးအတွက် စိုးရိမ်နေကြောင်း သိရသည်။

“အခုက မြစ်ရေလည်း တက်နေတော့ ကြောက်တာတစ်ခု၊ ပြီးတော့ စက်လှေမှောက်သွားတယ်လို့ ကြားလိုက်ရတော့ လူတွေက ပိုသွားကြောက်သွားတာပေါ့။ တချို့ဆိုရင် ကြောက်လွန်းလို့ လုံးဝမသွားရဲတော့ဘူး” ဟု ၎င်း အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

သီပေါတံတားသည် သျှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေးအတွက် အချက်အခြာကျသော လမ်းမကြီးပေါ်တွင် တည်ရှိပြီး ပိတ်ထားခဲ့သည်မှာ ၈ လကျော် ကြာမြင့်နေပြီဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သီပေါမြို့နှင့် တံတားများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ပိတ်ထားခဲ့သည့် အဆိုပါတံတားနှင့် ပတ်သက်၍ ယနေ့ (ဇူလိုင် ၂၀ ရက်) လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရန် ပြင်ဆင်ထားကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောသည်။

လက်ရှိတွင် သီပေါတံတား၏ တစ်ဖက်ခြမ်းကို စစ်ကော်မရှင်က ထိန်းချုပ်ထားပြီး ကျန်တစ်ဖက်ခြမ်းကို ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားသည်။

သို့သော်လည်း တံတားပိတ်ထားမှုကြောင့် ဒေသခံများမှာ အန္တရာယ်ရှိသော ဒုဋ္ဌဝတီမြစ်ကို စက်လှေဖြင့် စွန့်စားကူးနေရကာ စက်လှေခအဖြစ် တစ်ဦးလျှင် ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်နေရသဖြင့် ခရီးစရိတ်မှာ ပုံမှန်ထက် အဆမတန် မြင့်တက်နေသည်။

ပြီးခဲ့သည့် (ဇူလိုင်လ ၁၇ ရက်) တွင်လည်း ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးလာသည့် ကူးတို့လှေတစ်စီးသည် ကမ်းကပ်ရန် ကြိုးပမ်းစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွင်း လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မြစ်အတွင်းသို့ ကျသွားသည့် ပစ္စည်းများကိုမူ ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...