သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန် သွားနေစဉ် လမ်း၌ ကိုးကန့်တပ်သားများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းကိုစစ်ဆေးရန်ဟု ဆိုကာ MNDAA တပ်စခန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

ထို့နောက် ပန်မြိုင်းရွာမှ နမ့်ပုတ်ရွာဘက် သွားရမည့်လမ်းရှိ MNDAA စစ်ဆေးရေးဂိတ်တွင် အပြင်းအထန် ရိုက်နှက်စစ်ဆေးခံနေရသည့် လုံးပန် ကို နောင်ကော်ကျေးရွာ တာဝန်ရှိသူများမှ အာမခံဖြင့် ပြန်လည်ခေါ်ထုတ်လာရပြီး ဇန်နဝါရီလ (၃၀) ရက် နံနက်ပိုင်း (၁၁) နာရီခန့်တွင် ရိုက်နှက်ခံထားရသည့် ညိုမည်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်ကော်ရွာလူကြီးတွေ လုံးပန် ကို အာမခံနဲ့ ပြန်ရွေးထုတ်လာရတာ။ ကိုးကန့်စစ်သားတွေ သူ့ကို ရိုက်ပြီး စစ်မေးထားလို့ ကျောပြင်နဲ့ ခြေသလုံးတွေ တော်တော်လေး ညိုမည်းနေတယ်။ လုံးပန် အိမ်ပြန်ရောက်တာနဲ့ အဲ့ဒီဒဏ်ရာတွေကြောင့်ပဲ ဆုံးသွားတယ်” ဟု ဖြစ်စဉ်သိရှိသူ သီပေါဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သီပေါဒေသခံ အမျိုးသားတစ်ဦးကို အသက်သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ကိုးကန့်တပ်သားများမှာ သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် MNDAA တပ်မဟာ-၅၁၁ လက်အောက်ခံ တပ်ရင်းမှဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ (၃၁) ရက်တွင် သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုဝင်များထံ MNDAA ဘက်မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံပြီး လျော်ကြေးငွေအဖြစ် ကျပ်သိန်း (၂၀) ပေးအပ်ကာ အမှုကြေအေးပေးရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“နောင်ကော်ဘက်မှာ အခြေအနေလည်း ငြိမ်နေတာ၊ အဲ့တာကို လူသေတဲ့အထိ ဘာလို့ ရိုက်ပြီး စစ်မေးလဲ ဆိုတာ နားမလည်နိုင်ဘူး။ မနေ့က ကိုးကန့်ဘက်က ပိုက်ဆံ သိန်း ၂၀ နဲ့ မိသားစုကို လာပေးတယ်၊ ဆွေမျိုးတွေကတော့ မကျေနပ်ပေမယ့် ဘာမှလည်း မတတ်နိုင်ဘူးလေ။ သူတို့လည်း ကြောက်တော့ ကိုးကန့်စစ်သားတွေနဲ့ အငြင်းအခုံ မလုပ်ရဲဘူး” ဟု သီပေါဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

သီပေါမြို့နယ် ပန်မြိုင်းကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားသည့် MNDAA တပ်ဖွဲ့သည် တောင်ယာတဲ အိပ်စောင့်ရန်သွားသော လုံးပန် ကို ဖမ်းဆီးရိုက်နှက်ခဲ့ရာ နေအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် ရိုက်နှက်ခံရသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းအတွက် သျှမ်းကျောင်းသားသမဂ္ဂ (TSU) မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပြီး ပြည်သူများကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ယနေ့(ဖေဖော်ဝါရီလ ၁ ရက်) တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်တွင် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ပြီး လားရှိုး-သီပေါကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် MNDAA ဘက်မှ စစ်ဆေးရေးဂိတ်များ ပြန်လည်နေရာယူ ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...