MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။

ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ ၆၂,၆၃၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များနှင့် အိမ်ထောင်စုစာရင်း ၁၈,၃၅၆ အုပ်ကို ပြည်သူ့အကျိုးပြုလုပ်ငန်း တစ်ရပ်အဖြစ် ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သို့သော် လက်တွေ့မြေပြင်တွင် အဆိုပါ အချက်အလက်များကို အသုံးပြု၍ တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။

MNDAA သည် ၎င်းတို့ ကောက်ယူထားသော အိမ်ထောင်စုစာရင်း အချက်အလက်များကို အခြေခံ၍ စနစ်တကျ လူစုဆောင်းနေခြင်းဖြစ်ပြီး အိမ်ထောင်စုတစုတွင် အမျိုးသား ၂ ဦးရှိလျှင် ၁ ဦး၊ အမျိုးသမီး ၂ ဦးရှိလျှင် ၁ ဦးနှုန်းဖြင့် မဖြစ်မနေ စစ်မှုထမ်းရန် ဖိအားပေးနေခြင်းဖြစ်ကြောင်း ပန်ဆိုင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်သားမလုပ်ချင်လို့ ထွက်ပြေးတဲ့ မိသားစုတွေရှိတယ်။ ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာကတော့ ထွက်ပြေးသွားတဲ့သူတွေရဲ့ အိမ်တွေကို ကိုးကန့်တပ်က ချိတ်ပိတ်လိုက်တာပဲ” ဟု ၎င်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးရွာအချို့တွင် လူငယ်အများစုမှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် စစ်မှုထမ်းနေကြသဖြင့် အိမ်တွင် လူကြီးပိုင်းများသာ ကျန်ရှိတော့ကြောင်း ကျေးရွာသူကြီးများက ညှိနှိုင်းရလေ့ရှိသည်ဟု ဆိုသည်။

ပန်ဆိုင်းနှင့် မုံးကိုးဒေသများတွင် စစ်သားမလုပ်လိုလျှင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး လုပ်ရသကဲ့သို့ မီးသတ်နှင့် စည်ပင်ဝန်ထမ်းကဲ့သို့သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများတွင် မဖြစ်မနေ တာဝန်ထမ်းဆောင်ရကြောင်း ဒေသခံများက ပြောသည်။

အလားတူ မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုယ၊ လွယ်ငင်းနှင့် ကောင်းမောင် အပါအဝင် ကျေးရွာအုပ်စု ၂၀ ကျော်တွင် MNDAA က ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တရွာလျှင် အနည်းဆုံး တဦး တပ်သားသစ်ပေးရန် MNDAA က ပြီးခဲ့သည့် မေလအတွင်း အမိန့်ထုတ်ပြန်ထားသည်။

သတ်မှတ်ရက်အတွင်း လူမပေးနိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကို ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် MNDAA ထုတ်ပေးသော မှတ်ပုံတင်ရှိလျှင် တရုတ်နိုင်ငံ ဝမ်တိန်ဂိတ်မှတစ်ဆင့် တဘက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်သောကြောင့် တရုတ်-မြန်မာနယ်စပ် မုံးကိုးနှင့် ပန်ဆိုင်းဒေသများ၌ မှတ်ပုံတင်ပြုလုပ်လိုသူများဖြင့် ပြည့်နှက်နေသည်။

“လူတွေက အဲဒီအခွင့်အရေးကို လိုချင်လို့ သွားလုပြီး စာအုပ်လုပ်နေကြတာ။ ဒါပေမဲ့ အလကားတော့ မဟုတ်ဘူး။ တရုတ်ပွဲစားတွေကတစ်ဆင့် တစ်ယောက်ကို ယွမ် ၄,၀၀၀ ကနေ ၆,၀၀၀ ကျော် (မြန်မာကျပ်ငွေ ၂၅ သိန်းမှ ၃၈ သိန်းကျော်) အထိ ပေးနေရတယ်” ဟု ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ MNDAA ဘက်မှ တုံ့ပြန်ချက်ရရှိရန် သျှမ်းသံတော်ဆင့်က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

MNDAA သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို တရားဝင်မှုရှိစေရန်နှင့် စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသော်လည်း မြင့်မားသော ကုန်ကျစရိတ်များနှင့် စစ်မှုထမ်းရမည့် စိုးရိမ်မှုများကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးနှင့် လုံခြုံရေးကြားတွင် အခက်တွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...