Tuesday, January 27, 2026

မှတ်ပုံတင်

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

သျှမ်းမြောက် TNLA ထုတ် မှတ်ပုံတင်မပြနိုင်လျှင် အရေးယူမည်ဟုဆို

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နယ်မြေဒေသအတွင်း နေထိုင်သည့် ပြည်သူများကို ၎င်း၏ မှတ်ပုံတင်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး ခရီသွားလာရင်း မှတ်ပုံတင် မပြနိုင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။ ယမန်နေ့ (သြဂုတ် ၁၆ )ရက် နမ္မတူမြို့နယ် မန်စံကျေးရွာတွင်...

နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့

သျှမ်းပြည် နမ္မတူမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ သွားရောက်ပြုလုပ်ရန် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် TNLA ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန်...

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို ထိန်းချုပ်ဒေသအတွင်း လုပ်ဆောင်ပေးနေဟု TNLA ပြော

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိန်းချုပ်ဒေသအတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ပြုစုခြင်း လုပ်ဆောင်နေကြောင်း ပြောဆိုလိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်အားလုံးရှိ ရပ်ကွက်၊ ကျေးရွာတိုင်းတွင် တောရွာမြို့နေ ပြည်သူအားလုံးကို လူဦးရေ စိစစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း...

လားရှိုးမြို့ စစ်ကောင်စီ လဝကရုံးတွင် ငွေပေးနိုင်သည့်တရုတ်များ မှတ်ပုံတင်အမြန်ရ၊ ဒေသခံများ အချိန်ကြာတန်းစီစောင့်ဆိုင်းရ

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင်အမြန်ပြုလုပ်ပေးနေပြီး ဒေသခံများမှာ အချိန်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ မေလ (၁၉) ရက်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ရုံးလုပ်ငန်း စတင်လည်ပတ်ခဲ့ရာ လဝကရုံးဝန်ထမ်းများထံ ပွဲစားမှတဆင့်...

သျှမ်းမြောက်တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ရပ်စောက် စစ်ကောင်စီ ဂိတ်ဖြတ်သန်းခွင့်မပြု

သျှမ်းပြည် ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် ပြည်မမှ တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို ဂိတ်ဖြတ်သန်းခွင့်မပြုဘဲ ခရီးသွားလာခွင့် ကန့်သတ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ပထမပတ်မှ စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းမြောက်သို့ ခရီးသွားမည့် ၅ မျဉ်းစောင်း၊...

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်သူ ဖမ်းနေသည့်သတင်းကြောင့် လူငယ်များ မြဝတီတွင်ပိတ်မိနေ

ကရင်ပြည်နယ်၊ ဘားအံမြို့ စစ်ဆေးရေးဂိတ်တွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ဖမ်းနေသည်သတင်းကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်သို့ရောက်ရှိနေသော သျှမ်းပြည်မှ လူငယ်အများအပြား နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တွင်းမှ တိုက်ပွဲများကြောင့် သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်သူ ၁၃/ လူငယ်များကို ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်)...

ဘားအံမြို့ ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ သွားလာခွင့်မရ

သျှမ်းပြည်မှ ကရင်ပြည်နယ်သို့ သွားသည့်လမ်းတွင် ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသော မည်သည့်လူမျိုးမဆို စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့် မပြုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်) မှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ စစ်ကောင်စီဂိတ်များတွင် သျှမ်းပြည်မှ လာသည့် ၁၃...

၂မျည်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများကို စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ကရင်နီပြည်ဘက်မှ စစ်ရှောင်လာသည့်ပြည်သူများကို စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ၂ မျဉ်စောင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား (ကယားပြည်) ကိုင်ဆောင်သူ ပြည်သူများကို စစ်ဆေးမှု ပိုပြီးတင်းကြပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် ကရင်နီဒေသခံအမျိုးသမီး တစ်ဦးက...

Latest news