TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ကာ ၎င်းတို့လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ ရပ်ကွက်အလိုက် လူဦးရေနှင့် အိမ်ထောင်စုစာရင်းများ ထပ်မံကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။

အလားတူ TNLA က ပြုလုပ်ပေးမည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများနှင့် ပတ်သက်၍ နမ့်ခမ်းမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း အောက်တိုဘာလ ၂၇ ရက်တွင် အစည်းအဝေး ခေါ်ယူခဲ့ကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မှတ်ပုံတင် လုပ်ရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့ရမယ်လို့ ပြောတာပဲ။ နမ့်ခမ်းက လူတွေက တရုတ်ပြည်မှာ အလုပ်သွားလုပ်တာများတော့ မူဆယ်နဲ့ နမ့်ခမ်းကြားထဲမှာရှိတဲ့ TNLA ဂိတ် ၂ ခု၊ ၃ ခုက စစ်ရင် မှတ်ပုံတင်မရှိလို့ ပေးမသွားတာမျိုး စိုးရိမ်ကြတယ်။ သွားမလုပ်ရင် သူတို့ဂိတ်တွေကို ပေးမဖြတ် ဘူး ဆိုတာမျိုး ခြိမ်းခြောက်တာတွေလည်း ရှိတယ်” ဟု အဆိုပါ နမ့်ခမ်းဒေသခံ အမျိုးသားက ပြောသည်။

TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင် မရှိပါက နမ့်ခမ်းဒေသခံများကို ဂိတ်ဖြတ်သန်းခွင့် မပြုကြောင်း ပြောဆိုမှုနှင့် ပတ်သက်၍ မေးမြန်းအတည်ပြုနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Namkham_TNLA_ID
နမ့်ခမ်းမြို့တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင် (ဓာတ်ပုံ-ဒေသခံ)

နမ့်ခမ်းမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုအတွက် ကျပ်တစ်သောင်း၊ မှတ်ပုံတင်တစ်ခုလျှင် ကျပ်တစ်သောင်း နှင့် စမတ်ကတ်အတွက် ကျပ်ငါးထောင် ပေးဆောင်ရပြီး အင်္ဂလိပ်၊ မြန်မာနှင့် တအာင်း (ပလောင်) ဘာသာတို့ဖြင့် ရေးသားထားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကိုလည်း နိုင်ငံခြားသား ယာယီနေထိုင်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေပြီး ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်ကြောင်း နမ့်ခမ်းမြို့ရှိ နယ်စပ်ကုန်သည်များက ပြောသည်။

“တရုတ်တွေကို ယာယီနေထိုင်ခွင့်ကတ် လုပ်ပေးတာရှိတယ်။ ၃ လ၊ ၆ လ အဲဒီလို သက်တမ်းတိုးရတယ်။ အဲဒီကတ်ရှိရင် TNLA ထိန်းချုပ်တဲ့ နယ်မြေထဲ လွတ်လွတ်လပ်လပ် သွားလို့ရမယ် ပြောတယ်။ နယ်စပ်မှာ ဆိုတော့ ပလောင်တပ်နဲ့ အလုပ်လုပ်တဲ့ တရုတ်ကုန်သည်တွေလည်း များတယ်” – ဟု နမ့်ခမ်းဒေသခံ ၎င်းအမျိုးသားက ထပ်လောင်းပြောကြားသည်။

နမ့်ခမ်းမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း TNLA က ထိန်းချုပ်ခဲ့ပြီးနောက် ကုန်စုံဆိုင်နှင့် လုပ်ငန်းမျိုးစုံထံ အခွန်တိုးမြှင့်ကောက်ခံခြင်း၊ ယခုနှစ် ၂၀၂၅ မေလမှ စတင်ကာ မော်တော်ယာဉ် လိုင်စင်များ ပြုလုပ်ခိုင်းခြင်း အပြင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းပါ ထပ်မံပြုလုပ်ခိုင်းခြင်းကြောင့် ငွေကုန်ကြေးကျ များလာပြီး အခက်အခဲ ကြုံတွေ့နေရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

TNLA ပြုလုပ်ပေးသည့် ယာဉ်လိုင်စင်များနှင့် မှတ်ပုံတင်များသည် ၎င်းတို့ ထိန်းချုပ်နယ်မြေ၌သာ အကျုံးဝင်ပြီး၊ အခြားမြို့များသို့ သွားလာပါက စစ်ကောင်စီလက်အောက်ခံများ၏ စစ်ဆေးမေးမြန်း မှုကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“ကားလိုင်စင် လုပ်ခိုင်းတာလည်း မကြာသေးဘူးလေ။ အဲဒါလည်း မူဆယ်လောက် သွားရင်ပဲ မလုံခြုံ တော့ဘူး။ စစ်တပ် ဒါမှမဟုတ် ရဲက တွေ့ရင်လည်း ရစ်တယ်။ တချို့လည်း မေ့ပြီးတော့ TNLA လိုင်စင်နဲ့ မူဆယ်ဘက် ရောက်သွားတာ၊ ရဲက ခေါ်စစ်ပြီး ဟိုမေးဒီမေး ရစ်နေတာ။ TNLA ကို ဘယ်လောက်ပေးရလဲ မေးတယ်၊ ၃ သိန်းပေးရရင် ရဲကိုလည်း ၃ သိန်းပေးမှ ပြန်လွတ်ပေးတာ” ဟု မူဆယ်-နမ့်ခမ်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ရှင်းပြသည်။

၂၀၂၅ ခုနှစ်အတွင်း သီးသန့်ပြန်လည် ဖွဲ့စည်းခဲ့သည့် TNLA ၏ လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိန်းချုပ်ဒေသအတွင်းရှိ လူဦးရေစာရင်း အမှန်ကို ပြုစုထိန်းသိမ်းရန်၊ လူအဝင်အထွက် စာရင်းများကို ကြပ်မတ်ထိန်းသိမ်းရန်၊ မှတ်ပုံတင် ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းဖြင့် ပြည်နယ်သား အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇-၂၈ ရက်နေ့များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် TNLA နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည်။ သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာပေးမည် ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနမှ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...