Wednesday, January 28, 2026

အိမ်ထောင်စုစာရင်း

လင်းခေးမြို့တွင် စစ်ကော်မရှင်ဝန်ထမ်းများမှ မြို့နေလူထု အိမ်ထောင်စုစာရင်း စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လင်းခေးမြို့နယ်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည်။ ထို့ကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ပြီး လင်းခေးမြို့ရှိ စစ်ကော်မရှင်...

သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

လားရှိုး MNDAA မှ အိမ်ထောင်စုစာရင်းတောင်းခံရန် ကျေးရွာဥက္ကဋ္ဌများ ဖမ်းဆီးသွားပြီး အာမခံဖြင့် ပြန်လွှတ်

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ မှ ဟန်နားကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုစာရင်း တောင်းခံရန် ကျေးရွာဥက္ကဋ္ဌကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် ညနေ ၆ နာရီအချိန်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လောင်ခိုင် ဆိုသူ ဦးဆောင်သည့်အဖွဲ့သည်...

အခြား ပြည်နယ် သူများ မူဆယ်အိမ်ထောင်စု စာရင်းထဲဝင်ပြီး တရုတ်ပြည်ဖြတ်သန်းခွင့် ကြိုးစားနေ

တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ရန် အတွက် တခြားပြည်နယ်မှ ပြည်သူများသည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် ရှိ အိမ်ထောင်စုစာရင်းထဲဝင်ပြီး မှတ်ပုံတင်အတု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီလမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် မြန်မာ - တရုတ် နယ်စပ်တံခါးသည် တရုတ်နိုင်ငံတွင်းသို့ အလုပ်သွားလုပ်လိုပါက မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်...

လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းဝင်ထဲ မရှိသူ စစ်တပ်က စစ်ဆေးတင်းကြပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းထဲ မရှိသူများ မြို့နယ်မှူးထံသို့ အကြောင်းကြားရမည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းအချိန်က လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းတွင် နေထိုင်သည့် ဒေသခံများ အိမ်ထောင်စုစာရင်း ဝင်ထားခြင်းရှိ၊ မရှိ စစ်ဆေးပြီး၊ အိမ်ထောင်စု...

သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ အကြောင်းပြ အိမ်ထောင်စုစာရင်း လိုက်လံကောက်နေ

သျှမ်းပြည်အတွင်း စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး အိမ်ထောင်စု စာရင်းများကို လိုက်လံကောက် စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က ယခု မတ်လအတွင်း အိမ်ထောင်စုတွင်းရှိ လူစာရင်းများကို လိုက်လံ ကောက်ယူနေကြောင်း နမ့်လန်မြို့...

သျှမ်းနီလူမျိုး စစ်ကောင်စီဖျောက်ရန် ကြိုးစားနေဟု သျှမ်းနီများ ဝေဖန်ပြောဆို

သျှမ်းနီတိုင်းရင်းသားများ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်တွင် ပါရှိသည့် လူမျိုး ဆိုသည့်နေရာတွင် ဗမာ ဟု သုံးနှုန်းရေးသားခြင်းသည် လူမျိုး နှင့် လူမျိုးနာမည်ဖျောက်ရန် ကြိုးစားမှုဖြစ်သည်ဟု သျှမ်းနီလူမျိုးများက ဝေဖန်ပြောဆို နေကြသည်။ မတ်လ ပထမပတ်အတွင်းမှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)...

Latest news