Wednesday, January 28, 2026

သျှမ်းနီလူမျိုး စစ်ကောင်စီဖျောက်ရန် ကြိုးစားနေဟု သျှမ်းနီများ ဝေဖန်ပြောဆို

သျှမ်းနီတိုင်းရင်းသားများ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်တွင် ပါရှိသည့် လူမျိုး ဆိုသည့်နေရာတွင် ဗမာ ဟု သုံးနှုန်းရေးသားခြင်းသည် လူမျိုး နှင့် လူမျိုးနာမည်ဖျောက်ရန် ကြိုးစားမှုဖြစ်သည်ဟု သျှမ်းနီလူမျိုးများက ဝေဖန်ပြောဆို နေကြသည်။

ရှမ်းနီလူမျိုး၏ မိသားစုအိမ်ထောင်စုစာရင်းတခု

မတ်လ ပထမပတ်အတွင်းမှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) အဖွဲ့သားများသည် သျှမ်းနီတိုင်းရင်းသားများ ရှိရာဒေသများသို့ ကွင်းဆင်းပြီး မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်း၊ လှဲလှယ်ပေးခြင်းတို့ကို ပြုလုပ်ရာ လူမျိုးဆိုသည့်နေရာတွင် ဗမာ ဟု အတင်းရေးသားထည့်သွင်းကြောင်း ကြုံတွေ့ရသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မတ်လ ၉ ရက်နေ့မှာ ဒီပင်ဘောကျေးရွာ (ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်)မှာ မှတ်ပုံတင်လုပ်တဲ့ အသစ်လဲတဲ့ သျှမ်းနီတွေကို လူမျိုးဆိုတဲ့နေရာမှာ ဗမာလို့ ထည့်လိုက်တာ၊ အရင်က သျှမ်း – ဗမာ လို့ သုံးထားတာကို အခုက သျှမ်းကို ဖျက်ပစ်ပြီး ဗမာလို့ပဲရေးထားတာ” ဟု မှတ်ပုံတင်လဲရင်း ကြုံတွေ့ရသူ ပင်ဘောရွာခံ သျှမ်းနီအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းနီတိုင်းရင်းသားတို့သည် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းတို့လုပ်ရာတွင် မိမိတို့၏ ပင်ကိုယ်လူမျိုးဖြစ် သည့်အတိုင်း သျှမ်းနီဟု ထည့်သွင်းခွင့်မရရှိခဲ့သည့်အပြင် သျှမ်းဗမာ၊ သျှမ်း + ဗမာ ဟု ထည့်သွင်းခံလာရပြီးနောက် ယခုတခါတွင် “ဗမာ” ဟု ထည့်သွင်းရေးသားခံရကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ခြင်းသည် လူမျိုးအမည်ဖျောက်ရန် ကြိုးစားမှုဖြစ်ပြီး မှတ်ပုံတင်မှာ “ဗမာ” လူမျိုးဟု ပြောင်းလဲ ခံရသည့် သျှမ်းနီလူမျိုးများအတွက် ပြန်လည်ဖြေရှင်းပေးရန် လိုအပ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အတင်းထည့်လိုက်တဲ့အခါမှာတော့ လူမျိုးနဲ့ လူမျိုးနာမည်ကို ဖျောက်တယ်လို့မြင်မိတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ရဲ့ လူမျိုးနာမည်ပေါ်ပေါက်ဖို့ ဖေါ်ထုတ်ဖို့က ကျမတို့ပါတီရဲ့ ရည်ရွယ်ချက်တစ်ခုလည်းဖြစ်တယ်၊ အဲ့ဒါ ကြောင့်မို့ ဒီကိစ္စကို ပြန်လည်ဖြေရှင်းပေးဖို့ ကျမတို့ လုပ်ဆောင်နေပါတယ်” ဟု သူမက ပြောသည်။

သျှမ်းနီတိုင်းရင်းသားများကို “ဗမာ” ဟု ပြောင်းလဲရေးသားခြင်းနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတို့၏ နိုင်ငံရေး အမြတ်ထုတ်ချင်သည့် ရည်ရွယ်ချက်လည်းပါဝင်သည်ဟု သျှမ်းနီတိုင်းရင်းသား လူငယ် တစ်ဦးကလည်း ပြောသည်။

“စစ်ကောင်စီဘက်က လူဦးရေအချိုးအစားနဲ့ လွှတ်တော်ထဲကို အမတ်တင်သွင်းတဲ့စနစ် PR စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတော့ အခုဖြစ်သွားတဲ့ မိုးကောင်းမြို့နယ်မှာက ကချင်နဲ့ သျှမ်းလူဦးရေက မတိမ်းမယိမ်းရှိနေတယ်၊ သျှမ်းနီဆိုလည်း သျှမ်းနီလူမျိုးကို လျော့ချချင်ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တယ်လို့ မြင်မိတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

သျှမ်းနီတိုင်းရင်းသားများက သျှမ်းနီလူမျိုး တရားဝင်သတ်မှတ်ပေးရေးကို သျှမ်းနီအမျိုးသားညီလာခံမှ တစ်ဆင့် တညီတညွတ်တည်း တောင်းဆိုမှုများပြုလုပ်ခဲ့ကြပေမယ့် မြန်မာပြည် အစိုးရအဆက်ဆက် တို့သည် သျှမ်းနီတိုင်းရင်းသားများကို မှတ်ပုံတင်ထည့်သွင်းရေးသားခွင့် မပြုခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေးမြို့တွင် စစ်ကော်မရှင်ဝန်ထမ်းများမှ မြို့နေလူထု အိမ်ထောင်စုစာရင်း စစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လင်းခေးမြို့နယ်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည်။ ထို့ကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ပြီး လင်းခေးမြို့ရှိ စစ်ကော်မရှင်...
Hsenwi_MNDAA_ID_1

သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

လားရှိုး MNDAA မှ အိမ်ထောင်စုစာရင်းတောင်းခံရန် ကျေးရွာဥက္ကဋ္ဌများ ဖမ်းဆီးသွားပြီး အာမခံဖြင့် ပြန်လွှတ်

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ မှ ဟန်နားကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုစာရင်း တောင်းခံရန် ကျေးရွာဥက္ကဋ္ဌကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် ညနေ ၆ နာရီအချိန်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လောင်ခိုင် ဆိုသူ ဦးဆောင်သည့်အဖွဲ့သည်...

အခြား ပြည်နယ် သူများ မူဆယ်အိမ်ထောင်စု စာရင်းထဲဝင်ပြီး တရုတ်ပြည်ဖြတ်သန်းခွင့် ကြိုးစားနေ

0
တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ရန် အတွက် တခြားပြည်နယ်မှ ပြည်သူများသည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် ရှိ အိမ်ထောင်စုစာရင်းထဲဝင်ပြီး မှတ်ပုံတင်အတု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီလမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် မြန်မာ - တရုတ် နယ်စပ်တံခါးသည် တရုတ်နိုင်ငံတွင်းသို့ အလုပ်သွားလုပ်လိုပါက မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်...