လားရှိုး MNDAA မှ အိမ်ထောင်စုစာရင်းတောင်းခံရန် ကျေးရွာဥက္ကဋ္ဌများ ဖမ်းဆီးသွားပြီး အာမခံဖြင့် ပြန်လွှတ်

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ မှ ဟန်နားကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုစာရင်း တောင်းခံရန် ကျေးရွာဥက္ကဋ္ဌကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ (၅) ရက် ညနေ ၆ နာရီအချိန်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လောင်ခိုင် ဆိုသူ ဦးဆောင်သည့်အဖွဲ့သည် ဟန်နားကျေးရွာသို့ ရောက်ရှိလာပြီး ဥက္ကဋ္ဌ ဦးဆန်ကြာ ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဟန်နားကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုစာရင်းများကို လာရောက်ပေးပို့မှသာ ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

MNDAA မှ ဥက္ကဋ္ဌ ဦးဆန်ကြာကို စဉ့်အင်ဘက်ရှိ နားလန်း(ဝၢၼ်ႈၼႃးလၢင်း)ရွာတွင် တစ်ည ဖမ်းဆီးထားပြီး ယမန်နေ့ (ဇွန်လ ၆ ရက်) တွင် ဟန်နားနှင့် နားလန်းရွာမှ ပြည်သူ (၁၀) ဦးမှ သွားရောက်ထောက်ခံပေးပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း လားရှိုးဒေသခံတစ်ဦးက ပြောသည်။

“ဉက္ကဋ္ဌ လုံးဆန်ကြာကို ကိုးကန့်တပ်က ညနေ ၆ နာရီမှာ လာဖမ်းသွားတာ။ ဟန်နားအုပ်စုထဲက အိမ်ထောင်စုစာရင်း အားလုံးပေးဖို့ ပြောတယ်၊ စာရင်းလာမပေးရင် သူ့ကို သိန္နီဘက်ကို ပို့လိုက်မယ်လို့ ပြောတာ။ မနေ့က ဟန်နားနဲ့ နားလိုင်က ပြည်သူ (၁၀) ယောက် သွားထောက်ခံပြီးမှ ကိုးကန့်က ပြန်လွှတ်ပေးတာ၊ အိမ်ထောင်စုစာရင်း မပို့ပေးရင် သူတို့စစ်သားကိုယ်တိုင် ရွာထဲ လာကောက်မယ်လို့ ပြောတယ်”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ တပ်မဆုတ်ခွာခင် ပြီးခဲ့သည့် ဧပြီလကတည်းက မြို့ပြင်ရှိ ဟန်နား၊ စဉ့်အင်နှင့် မောက်တောင်း ကျေးရွာအုပ်စုများတွင် MNDAA မှ အိမ်ထောင်စုစာရင်းများ တောင်းခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုရှိ မန်မိုင်မိုက်နင်(မႆႉၼိမ်)ရွာမှ ကျေးရွာဥက္ကဋ္ဌနှင့် ရှေ့မီနောက်မီ လူကြီး (၂) ဦးတို့ကိုလည်း အိမ်ထောင်စုစာရင်း အကြောင်းပြကာ ကိုးကန့်တပ်ဖွဲ့မှ ဇွန်လပထမပတ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယမန်နေ့ (ဇွန်လ ၆ ရက်) တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုက်နိမ် ရွာသူကြီးကိုလည်း ကိုးကန့်တွေ ဖမ်းသွားပြီး ပြန်လွှတ်လာတာ မကြာသေးဘူး၊ ဒါပေမယ့် ရွာထဲက ရှေ့မီနောက်မီ လူကြီး ၂ ယောက်ကို အစားထိုး ပြန်ခေါ်သွားတာ။ ရွာသားတွေ ကိုးကန့်ကို အိမ်ထောင်စုစာရင်း သွားပို့မှ မနေ့က ပြန်လွှတ်ပေးတာ”ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ် နမ့်ပေါင်၊ ခေးနင်း၊ မန်ပျဉ်နှင့် နောင်မွန်ကျေးရွာအုပ်စုများတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ခံတုတ်ကျင်းများ အသစ်ထပ်မံတူးဖော်ပြီး စစ်ရေးပြင်ဆင်သကဲ့သို့ လုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ဇွန်လ (၁) ရက်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲနှင့် ပတ်သက်၍ SSPP/SSA စစ်ကြောင်းထွက်နေချိန် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တပ်မ (၆၁၁) လက်အောက်ခံတပ်မှ ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကိုးကန့်တပ်သား (၈) ဦး ကျဆုံးပြီး ဒဏ်ရာရသူရှိကြောင်း SSPP Info မှ ဇွန်လ (၁) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...