မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို ကိုးကန့်တပ်ဖွဲ့ MNDAA က ၎င်းတို့တပ်စွဲထားသည့် လွယ်ငင်းကျေးရွာသို့ အစည်းအဝေး ခေါ်ယူခဲ့ပြီး (၁၀) ရက်အတွင်း တစ်ရွာလျှင် တစ်ဦးကျ တပ်သားသစ် ရှာဖွေပေးရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက် ဇွန်လ ၃ ရက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ MNDAA တာဝန်ရှိသူများထံ လူကိုယ်တိုင် သွားရောက်တောင်းပန်ခဲ့သော်လည်း ညှိနှိုင်း၍မရဘဲ အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် ရှာဖွေပေးရန်သာ ပြန်လည်ပြောဆိုခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူကောက်တာက ကိုးကန့်တပ် မနှစ်က ကောက်ထားတဲ့ အိမ်ထောင်စုစာရင်းထဲကအတိုင်း နာမည်နဲ့ စာရင်းလာတာ။ ဒီတစ်ခေါက် ကိုးကန့်တပ်က လူထပ်ကောက်တော့ ရွာသူကြီးကော၊ နာမည်ပေါက်တဲ့ အိမ်ထောင်စုကော ထွက်ပြေးရတယ်။ တချို့ရွာက လူကြီးတွေလည်း အစည်းအဝေး သွားမတက်လို့ ရိုက်နှက်ခံရတယ်၊ လူမရှာပေးနိုင်တဲ့ ရွာဆိုရင် သူကြီးကို လာဖမ်းသွားတယ်” ဟု မိုင်းရယ်ဒေသခံ အဆိုပါ အမျိုးသားက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ယူနေသည့် မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို ကျေးရွာအုပ်စုများမှာ ကျေးရွာပေါင်း (၂၀) ကျော် ရှိပြီး တစ်ရွာလျှင် တစ်ဦးကျ နာမည်စာရင်းနှင့်တကွ တပ်သားသစ် အဓမ္မစုဆောင်းနေခြင်းကြောင့် အချို့မှာ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ရေးလေ့ကျင့်ဖို့ ဟိုပန်၊ ကွမ်းလုံဘက်ထိ ခေါ်သွားမယ်လို့ ပြောတယ်။ ကိုးကန့်လူကြီးတွေ ကိုယ်တိုင်က စစ်သားကောက်တဲ့အကြောင်း သတင်းထွက်လည်း သူတို့မကြောက်ဘူးလို့ ပြောတာ။ ဒေသခံတွေကို လေးစားမှု မရှိတဲ့အပြင် စီးပွားရေး တစ်ခုတည်း ကြည့်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာ၊ မိန်းကလေးလည်း မချန်ဘူး အကုန်ခေါ်တယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယမန်နှစ် ၂၀၂၅ စက်တင်ဘာလမှ စတင်ပြီး မိုင်းနယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် အိမ်ထောင်စုစာရင်း ကောက်ခံခဲ့ပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုခဲ့ဖူးသည်။

မိုင်းရယ်မြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ပေးရန် MNDAA စာရင်းကောက်ယူခဲ့သည့် ကျေးရွာများမှာ နမ့်တုန်း၊ ကောင်းမောင်၊ နားဟုတ်၊ လတ်စန့်၊ ဝမ်လုံ၊ မန်အွယ်၊ ပန်ညောင်၊ ပန်ကိုး၊ နောင်မို၊ နမ့်လိုင်၊ ဟိုလောင်း၊ နားမွန်း စသည့် (၁၆) ရွာဖြစ်ကြောင်း သိရသည်။

ယခုအခါ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းပါ လူနာမည်အတိုင်း တပ်သားသစ် အတင်းအဓမ္မ စုဆောင်းလာခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေရပြီး ဒေသတွင်းရှိ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့မှလည်း တာဝန်ယူ ကူညီဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၊ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်များ သွားလာလှုပ်ရှားလျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...