မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တလောက ကျနော်ရဲ့ ညီတောင် သူ့အိမ်ထောင်စု စာရင်းလုပ်တာ ကျပ်သိန်း ၃၀ကုန်တယ်။ အခုနောက်ပိုင်း တရုတ်နိုင်ငံသားတွေကလည်း အိမ်ထောင်စု ဝယ်ယူတာတွေ နောက် အခြားဒေသခံတွေကလည်း အိမ်ထောင်စုတွေ လာဝယ်တော့ စျေးတွေက ပိုတက်လာတယ်။ ပိုစျေးကြီးလာတယ်” ဟု ၎င်းကဆိုသည်။

အခြားမြို့နယ်မှ မူဆယ်သို့ ပြောင်းရွှေ့လာသူများအနေဖြင့် မူဆယ်တွင် အမှန်တကယ်နေထိုင်သည့်အိမ် မရှိလျှင် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန် ခက်ခဲသည့်အပြင် အိမ်ပုံ၊ လူပုံများ ရိုက်ကူးတင်ပြရပြီး စစ်ဆေးမှုများ ပိုမိုတင်းကျပ်ကာ ငွေကြေးများကို အဆမတန်တောင်ခံမှုရှိနေကြောင်း မူဆယ်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“တခြားမြို့နယ်ကလူတွေ မူဆယ်ကို ပြောင်းလာပြီး တကယ်အိမ်မရှိရင် အိမ်ထောင်စုစာရင်း ပြောင်းလို့မရဘူး။ ဒေသခံတွေလုပ်ရင်လည်း အိမ်ပုံ၊ လူပုံလည်း ရိုက်ဖို့လိုတယ်။ အခုက နည်းနည်းတင်းကြပ်နေတာရှိတော့ ကုန်ကျစရိတ်များတယ်။” ဟု ၎င်းက ဆိုသည်။

အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ငွေကြေးပေးဆောင်ရခြင်းမှာ သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေကြေးတောင်းခံမှုများကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် တိတိကျကျ လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ၎င်းက ဝေဖန်သည်။

“တကယ်တော့ ငွေကြေးတွေကြောင့်၊ ဌာနဆိုင်ရာတွေ ဒီလိုတွေဖြစ်တယ် ပြောရမှာပေါ့။ သူတို့က စည်းမျဉ်းစည်းကမ်း ဘယ်လောက်ထွက်ထွက် သေချာလုပ်တာမျိုး မရှိဘူး။ သူတို့ ရိုက်စားချင်ရင် ရိုက်စားတာပဲ။ ခြိမ်းခြောက်ဖို့ ထွက်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါပဲ။ တရုတ်ကို သွားဖို့ စားအုပ်နီတောင် ကျပ်ရာဂဏန်များရှိရမှာ ခုက သောင်းနဲ့ချီပေးနေရတာလေ။” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့ခံများအနေဖြင့် သက်ဆိုင်ရာဌာနများကို အားကိုး၍မရသည့်အပြင် အိမ်ထောင်စုစာရင်း ကိစ္စများ နှင့် ပတ်သက်၍လည်း ပြောဆိုရန် စိုးရိမ်နေကြသဖြင့် အဆင်ပြေသလိုသာ နေထိုင်နေကြရကြောင်း ဒေသခံက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

လင်းခေးမြို့တွင် စစ်ကော်မရှင်ဝန်ထမ်းများမှ မြို့နေလူထု အိမ်ထောင်စုစာရင်း စစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လင်းခေးမြို့နယ်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည်။ ထို့ကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ပြီး လင်းခေးမြို့ရှိ စစ်ကော်မရှင်...
Hsenwi_MNDAA_ID_1

သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။