သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

ယခု နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ရပ်ကွက်နေ ပြည်သူများကို MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကတ် တစ်ရက်လျှင် (၂၀၀) ယောက်နှုန်းဖြင့် ပြုလုပ်ပေးနေကြောင်း သိန္နီဒေသခံများက ပြောသည်။

“ရပ်ကွက်(၁)က ပြည်သူတွေကို အရင်ခေါ်လုပ်ပေးနေတာ။ တစ်ရက်ကို အယောက် ၂၀၀ ပဲ လုပ်ပေးသေးတယ်၊ ကတ်ကတော့ ချက်ချင်း မရဘူး။ ကိုးကန့်မှတ်ပုံတင်လုပ်ဖို့ ဝါတွင်းထဲက သူတို့ စာရင်းကောက်ထားတာ။ အခုလည်း စာရင်းထပ်ပေးရတယ် သူတို့ကွန်ပျူတာထဲ ရိုက်ထည့်ထားတာ၊ ကတ်ကတော့ တစ်ရက်လောက် စောင့်ပြီးမှ ရတယ်” ဟု သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းအတွက် တစ်ဦးလျှင် ကျပ်ငွေ ၂၀၀၀၀ မှ ၂၅၀၀၀ အထိ ပေးဆောင်ရကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

သိန္နီမြို့ပေါ်ရပ်ကွက်များတွင် MNDAA မှ ဇူလိုင်လအတွင်း (၃) ကြိမ်ထက်မနည်း အစည်းအဝေး ခေါ်ယူ၍ အိမ်ထောင်စုစာရင်းနှင့်တကွ ရပ်ကွက်ရုံးများသို့ သွားရောက်စာရင်းသွင်းခဲ့ရပြီး နမ့်စလပ်ကျေးရွာရှိ ဈေးဆိုင်နှင့် ပွဲရုံဂိုထောင်များတွင် အခြားဒေသမှ အလုပ်လာလုပ်သူများကို ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ခိုင်းခဲ့သည်။

“နမ့်စလပ်နဲ့ စယ်အူလို ရွာဘက်မှာတော့ ကိုးကန့်ဘက်က မှတ်ပုံတင်လုပ်ပေးလာတာ ကြာပြီ၊ အခုကျတော့ မြို့ပေါ် ရပ်ကွက်တွေ စလုပ်ပေးမှာ။ အဓိက တရုတ်ပြည် အဝင်အထွက် လုပ်ရင် လွယ်တယ်၊ လားရှိုးဘက်သွားရင်တော့ ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး။ သွားလုပ်ပြီးရင်လည်း စစ်သားကောက်မှာ ကြောက်တယ် အဲ့တာစိုးရိမ်တာပေါ့”ဟု သိန္နီဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် သိန္နီမြို့ပေါ်တွင် MNDAA မှ အမှိုက်သိမ်းဆည်းခအဖြစ် တစ်အိမ်လျှင် တစ်လ ၁၅၀၀၀ ကျပ်နှုန်းဖြင့် စတင်ကောက်ခံနေပြီး ဈေးဆိုင်ဖွင့်လှစ်ထားပါက စတုရန်းပေအလိုက် ၆ လစာ သို့မဟုတ် တစ်နှစ်စာ ဆိုင်လိုင်စင်အဖြစ် ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မိုင်းရယ်မြို့နယ်ရှိ ဟိုယ ကျေးရွာအုပ်စု၊ ကောင်းမောင် ကျေးရွာအုပ်စုနှင့် နောင်မိုကျေးရွာအုပ်စုရှိ ကျေးရွာ(၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် MNDAA လက်အောက်ခံ အုပ်ချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများမှ စာရင်းကောက်ယူခဲ့သည်။

MNDAA ထုတ်ပေးသည့် အထူးဒေသ(၁) ဒေသခံစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဖြင့် မြန်မာ-တရုတ်နယ်စပ်ရှိ မုံးကိုးနှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များတွင် MNDAA ၏ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်များ ထပ်မံပြုလုပ်နိုင်ပြီး တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံ မံစီမြို့နယ်အထိ ဝင်ထွက်သွားလာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် TNLA နှင့် MNDAA ပြုလုပ်ပေးသည့် ယာဉ်လိုင်စင်များ၊ မှတ်ပုံတင်များနှင့် အိမ်ထောင်စုစာရင်းများမှာ ၎င်းတို့ ထိန်းချုပ်နယ်မြေ၌သာ အကျုံးဝင်ပြီး၊ အခြားမြို့များသို့ သွားလာလျှင် စစ်ကောင်စီလက်အောက်ခံများ၏ စစ်ဆေးမေးမြန်းမှုကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...