မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးရန် အခက်အခဲများ ကြုံတွေ့ခဲ့ကြကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သက်ကြီးပိုင်းတွေကလည်း မဲပေးရမယ့်ရက် ရောက်တော့ မဲပေးဖို့ အခက်အခဲတွေ ဖြစ်ကုန်တာ။ တချို့က မီးစိမ်းပေါ်တဲ့ဟာကို နှိပ်တာ။ လူကြီးတွေက မဲပေးတဲ့နည်း မသိတော့ အခက်အခဲ ဖြစ်နေကြတယ်၊ မှားပေးလည်း ပြန်ပြင်လို့မရဘူး။ တာဝန်ကျတဲ့ ဝန်ထမ်းတွေကလည်း ပေါ့ဆနေကြတာ”ဟု မူဆယ်မြို့မှ အဆိုပါဒေသခံ အမျိုးသားက ပြောသည်။

အလားတူ လင်းခေးမြို့နယ်တွင်လည်း မဲရုံတွင် တာဝန်ကျသူများက မဲလာပေးသည့် သက်ကြီးပိုင်းများကို အချိန်လောသည့်အတွက် မဲပေးစက်ပေါ်ရှိ ပါတီအမှတ်အသားများကို သေချာမကြည့်လိုက်ရဘဲ မဲပေးလိုက်ရကြောင်း လင်းခေးမြို့တွင် ဆန္ဒမဲသွားပေးခဲ့သူ သက်ကြီးပိုင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မဲရုံစောင့်နေတဲ့လူတွေက လောနေတော့ ဘယ်ပါတီကို မဲပေးခဲ့လဲ ဆိုတာ ကိုယ်ဟာကိုတောင် မသိဘူး။ တချို့ကလည်း နားမလည်ဘူး၊ မဲသွားပေးဆိုလို့ ပေးလိုက်ကြတာ။ သူတို့ကလည်း လောနေတာ၊ အဲ့ကြောင့် လူတွေက သေချာကြည့်ဖို့ အချိန်မရဘူး”ဟု လင်းခေးမြို့တွင် ဆန္ဒမဲပေးခဲ့သူ ၎င်းသက်ကြီးပိုင်း အမျိုးသမီးက ပြောသည်။

ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင် ရွေးကောက်ပွဲတွင် အသုံးပြုသည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) သည် သက်ကြီးပိုင်းများအတွက် အသုံးပြုရန် အခက်အခဲ ဖြစ်စေသည့် အပြင် တချို့သော တိုင်းနှင့် ပြည်နယ်များတွင်လည်း မဲပေးစက် ချို့ယွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မူဆယ်မြို့ပေါ်တွင် ရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ အားလုံး မရောက်ရှိလာသဖြင့် မဲရုံပိတ်ချိန် မြန်မာစံတော်ချိန် ညနေ (၄)နာရီ အစား ညနေ (၆)နာရီ အထိ အချိန်ထပ်တိုးလိုက်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်ကျင်ပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်ရှိ မြို့နယ်ပေါင်း ၁၂ ခု ပါဝင်ပြီး ၎င်းမြို့များမှာ ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေးနှင့် လွိုင်လင်မြို့နယ်တို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အဆက်ဆက်တွင် စာရွက်ဖြင့် သမားရိုးကျ မဲပေးနည်းကို အသုံးပြုခဲ့သော်လည်း စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြုလာခြင်း ဖြစ်သည်။

မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုခြင်းကြောင့် မဲရုံပိတ်သိမ်းချိန်တွင် ယခင်ကဲ့သို့ မဲလက်မှတ်များကို ထုတ်ယူရေတွက်ရန် မလိုတော့ဘဲ မဲပေးသူ အရေအတွက်နှင့် ပါတီအလိုက် မဲရလဒ်အရေအတွက် ပါသည့် မဲရလဒ်စာရွက်ကို မဲပေးစက်မှတဆင့် ပရင့်ထုတ်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း ထွက်လာပြီး အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသည့် မဲရလဒ်များ ရရှိနိုင်ခြင်း စသဖြင့် စစ်ကော်မရှင်ဘက်မှ အကြောင်းပြထားသည်။

သို့သော် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲတွင် အသုံးပြုသည့် အီလက်ထရောနစ် မဲပေးစက်များမှာ မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူထုတ်လုပ်ပြီး မည်သည့် နည်းပညာများဖြင့် တပ်ဆင်ထားသည်ကို ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိဘဲ ယုံကြည်စိတ်ချရန် မဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...