မူဆယ်မြို့
မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...
မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...
မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...
မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...
မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
မူဆယ်မြို့တွင် လူယုံအချင်းချင်းကြား ငွေကျပ်သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြစ်ပွား
သျှမ်းပြည် မူဆယ်မြို့ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် အသိမိတ်ဆွေများထံ ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော် လိမ်လည်ပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ တောင်ရပ်ကွက်ရှိ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် မူဆယ်မြို့ရှိ လုပ်ငန်းရှင်များနှင့် ဒေသခံ အသိမိတ်ဆွေများထံ အကြောင်းအမျိုးမျိုးပြပြီး ကျပ်ငွေသိန်းပေါင်း ၃၀၀၀ ကျော် လိမ်လည်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သူက...
မူဆယ်မြို့ ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီးထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်က သေနတ်ပစ်သတ်
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီး ထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံဖမ်းဆီးကာ ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၅ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ မန်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အသက် ၂၀ ဝန်းကျင်ရှိ...
မူဆယ်မြို့ ရွှေဆိုင်ဓါးပြ တိုက်သူ(၅)ဦး အနက် နှစ်ဦးကို ဖမ်းမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓါးပြဝင်တိုက်ခဲ့သော အမျိုးသား (၅) ဦးအနက် (၂) ဦးကို ပြန်လည်ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် မူဆယ်မြို့ စျေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ကာ ဓါးပြတိုက်ခဲ့ ပြီး ဆိုင်ရှင်ကို ရိုက်နက်ခဲ့သည့် ပြည်သူ့စစ် အဖွဲ့ဝင်...
မူဆယ်မြို့ ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နံနက် ၆ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိ လက်နက်ကိုင်လူတစ်စုမှ အဖြူရောင် Crown ကားတစ်စီးဖြင့် ဝင်ရောက်...
ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန်...





