Tuesday, January 27, 2026

မူဆယ်မြို့တွင် လူယုံအချင်းချင်းကြား ငွေကျပ်သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြစ်ပွား

သျှမ်းပြည် မူဆယ်မြို့ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် အသိမိတ်ဆွေများထံ ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော် လိမ်လည်ပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ တောင်ရပ်ကွက်ရှိ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် မူဆယ်မြို့ရှိ လုပ်ငန်းရှင်များနှင့် ဒေသခံ အသိမိတ်ဆွေများထံ အကြောင်းအမျိုးမျိုးပြပြီး ကျပ်ငွေသိန်းပေါင်း ၃၀၀၀ ကျော် လိမ်လည်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူက ဘဏ်အကောင့် ပိတ်ခံရတယ် ဆိုပြီးတော့ ပိုက်ဆံလာချေးတာ။ တစ်ပတ်နေရင် ပြန်ပေးမယ်လို့ ပြောတာပါ။ ကျမရဲ့ သူငယ်ချင်းတွေဆီမှာကြတော့ မုန့်ဖုတ်စက် ဝယ်ဖို့ စာရင်းတွေပြပြီး ရှယ်ယာလုပ်ရအောင် ပြောရင်း ငွေလိမ်တောင်းတယ်။ သူတို့ မုန့်တိုက်က နာမည်လည်း ရှိနေတော့ ဒီပိုက်ဆံလောက်နဲ့ လိမ်မယ် မထင်ဘူးလေ”ဟု ငွေလိမ်ခံရသည့် မူဆယ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ငွေလိမ်လည်ခံရသူများက ဝမ်းပိန်းမုန့်တိုက် မိသားစုဝင်များကို အကျိုးအကြောင်း ရှင်းပြပြီး တာဝန်ယူဆောင်ရွက်ပေးရန် ပြောဆိုခဲ့သော်လည်း မိသားစုဝင်များမှ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“အိမ်ကနေ မပြေးခင် တစ်ရက်က သူ့မိသားစုတွေနဲ့ အတူရှိကြသေးတယ်။ နောက်တစ်ရက်မှာပဲ ပျောက်သွားတော့ အိမ်ထိ ချက်ချင်းလိုက်မေးတယ်။ သူ့မိဘတွေက သူတို့သားသမီးတွေ မဟုတ်တော့ဘူးလို့ပဲ ပြောတယ်။ သူတို့က ပြောတာ ဒီကိစ္စတွေနဲ့မသိဘူး၊ တရားစွဲချင် ဆွဲလိုက်တဲ့။ ပြီးတော့ မှတ်ပုံတင် မိတ္တူတွေပါ ပေးလာတာ၊ ဘာမှ တာဝန်မယူနိုင်ဘူးလို့ပဲ ပြောတယ်”ဟု ငွေလိမ်ခံရသည့် မူဆယ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အဆိုပါ ငွေလိမ်သွားသည့် အမျိုးသမီးသည် ဝမ်းပိန်းမုန့်တိုက်၏ ချွေးမဖြစ်ပြီး ဇူလိုင် ၁၁ ရက်တွင် ၎င်း၏ အမျိုးသား၊ သား ၃ ယောက်နှင့် အတူ မူဆယ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် မူဆယ်မြို့တွင် နေထိုင်သည့် ဒေသခံများကို ယခုကဲ့သို့ ငွေလိမ်လည် လှည့်ဖျားမှုများမှ သတိထားနိုင်ကြရန် အသိပေးစေလိုကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ တွင်လည်း အဆိုပါ အမျိုးသမီးသည် မူဆယ်မြို့ရှိ ငွေလဲလုပ်ကိုင်သူများ၊ စီးပွားရေးလုပ်ကိုင်သူများကို ငွေလိမ်လည်ခဲ့ပြီး ယခုဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။