သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင် ရှစ် ဦးရှိသည့်အနက် ခြောက်ဦးကို ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နှစ်ယောက်ကတော့ လွှတ်နေတုန်း။ခြောက်ယောက်ပဲ ဖမ်းမိသေးတယ်။သူတို့ ရှိနေတဲ့ အိမ်ကို ဝင်ဖမ်းတာ။ ကျန် နှစ်ယောက်ကို လိုက်ဖမ်းနေတုန်း။ ပြည်သူ့စစ်တွေက ဝင်ဖမ်းတယ် ဘယ်အဖွဲ့ ဝင်ဖမ်းလဲတော့ သေချာမသိရသေးဘူး“ ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
ထိုအမည်အသိ လက်နက်ကိုင် အဖွဲ့ဝင် ရှစ်ဦးရှိသည့်အနက် ခြောက်ဦးကို ပြည်သူ့စစ်အဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လက်နက်များ နှင့် အတူ ဖမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သကဲ့သို့ စစ်ရေးပဋိပက္ခ မဖြစ်ပွားသည့်ဒေသဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီ ၏လက်အောက်ခံ ဌာနများ လည်ပတ်နေဆဲမြို့ဖြစ်သည်။
မူဆယ်မြို့၏ ဘေးပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များဖြစ်သည့် ကောင်းခါးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပိန်းဆာ ပြည်သူ့စစ်၊ မန်ဂျယ် ပြည်သူ့စစ်၊ စိန်ကျော့ပြည်သူ့စစ်၊ မန်ပြိန်း ပြည်သူ့စစ်၊ ရှောက်ဟော် ပြည်သူ့စစ်၊ တာမိုးညဲ ပြည်သူ့စစ်၊ မုံးပေါ် ပြည်သူ့စစ် အပြင် အဖွဲ့ပေါင်း ၁၅ဖွဲ့ထက်မနည်း လှုပ်ရှားကြောင်း သိရသည်။












Leave a Comments