တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည် ၎င်း၏ နေအိမ်ဈေးဆိုင်အတွင်းရှိ ဈေးရောင်းကောင်တာတွင် ထိုင်နေစဉ် အဖြူရောင်ကားပေါ်မှ အမျိုးသား (၄) ဦးဆင်းလာပြီး သေနတ်ဖြင့် ချိန်ရွယ်ကာ ကားပေါ်သို့ တင်ဆောင်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြန်ပေးဆွဲခံရသူမှာ အသက် (၅၀) အရွယ် နန်းစံတစ်ဟု အမည်သိရပြီး ယမန်နေ့က ပိုက်ဆံဖြင့် ပြန်ရွေးထုတ်နိုင်ခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း တာချီလိတ်မြို့ခံ နန်းအေး (အမည်လွှဲ)က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြန်ပေးဆွဲခံရတဲ့ အမျိုးသမီးတော့ မနေ့က ငွေပေးပြီး လွတ်လာပြီလို့ ကြားရတယ်။ ဘယ်လောက်ပေးရလဲ တော့ မသိရသေးဘူး” ဟု နန်းအေးက ပြောသည်။

သို့သော် နန်းစံတစ် ပြန်လည်လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါပြစ်မှုကျူးလွန်သူ တရားခံများကို ဖမ်းဆီးရမိရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ လုံခြုံရေးပူးပေါင်းအဖွဲ့များက လိုက်လံစုံစမ်းနေသော်လည်း ယနေ့အချိန်ထိ ပြစ်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၆ ရက်တွင်လည်း တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်နေ ဦးစိုင်းဟန်လျန်းကိုလည်း အမျိုးသား ၄ ဦးက ကားပေါ်သို့တင်ဆောင်၍ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြောင်း တာချီလိတ်မြို့ခံများက ပြောသည်။

“ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ပီဟန်လျန်းကို ပြန်ပေးဆွဲသွားသေးတယ်။ အခုအချိန်ထိ ပြန်လွတ်လာပြီလို့ မကြားမိသေးဘူး။ အဲ့တုန်းကလည်း အခုလိုကားပေါ်တင်ပြီး ဖမ်းသွားတာ၊ ပြီးတော့ ပိုက်ဆံ ဘတ်သိန်း ၁၀၀ တောင်းတယ်လို့ ကြားတယ်” ဟု တာချီလိတ်မြို့ခံ နန်းခမ်း (အမည်လွှဲ)ကလည်း ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းအပါအဝင် အခြားအကြောင်းအရင်များကြောင့် တာချီလိတ်မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်များ၊ သူဌေးများက ပြန်ပေးဆွဲသမားများ၏ ပစ်မှတ်ဖြစ်လာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက “အခုကိုယ့်အိမ်မှာနေရင်တောင် မလုံခြုံတော့ဘူး။ သူတို့ အိမ်ထဲဝင်လုပ်ချင်ရင် လွယ်လွယ်နဲ့ ဝင်လို့ရနေတယ်။ သေနတ်ကိုင်ပြီး ဝင်လာရင် ကိုယ်တွေက ဘာမှလုပ်လို့ မရတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၁၃ ရက်တွင်လည်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမနေ OK ငွေလွှဲဆိုင်ဖွင့်ထားသူ အသက် (၇၈) နှစ် ဦးရန်ထင်ချန်းကို အမျိုးသား ၃ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူတရားခံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းခဲ့ရာ ၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်တွင် တရားခံအမျိုးသား ၆ ဦးကို မူးယစ်ဆေးဝါးများ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...