ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါ ဓားပြတိုက် လုယက်မှုများသည် ဇွန်လ တစ်လအတွင်း သုံးကြိမ်ထက် မနည်းဖြစ်ပွားခဲ့၍ ရွာငံဒေသခံများ စိတ်လုံခြုံမှုမရှိဘဲ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း သိရသည်။

“ကြားရသလောက်ဆို ရွာငံမြောက်ဘက်က ရွာတွေမှာ ပိုပြီး ဓားပြတိုက်ခံရတယ်၊ သတင်းတော့ သိပ်မထွက်ရဲကြဘူး။ တစ်ခုခုလာပြီး အသက်ရန်ရှာမှာကြောက်ရတယ်၊ သူတို့က မျက်နှာတွေကို အုပ်ထားတယ်။ ၆ဦးလောက်ရှိတယ် သေနတ်တွေ ဓားတွေပါတယ်၊အသိထဲကဆို သိန်း တစ်ရာကျော် ပါသွားတယ်။”ဟု ဖြစ်စဉ်သိရှိသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓားပြတိုက်မှုကျူးလွန်သူများသည် အများအားဖြင့် ညသန်းခေါင်ယံအချိန်နှင့် လူပြတ်လတ်သည့် အချိန်တွင် ဓားပြတိုက်လုယက်ကြပြီး ငွေကြေး ချမ်းသာသည့် နေအိမ်များကို အဓိကထားလုယက်ကြကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး ရွာငံမြို့နယ်တွင် လူသတ်မှုအပြင် ဓားပြတိုက်မှုများလည်း တိုးလာသောကြောင့် ဒေသခံများ စိတ်လုံခြုံမှု ကင်းမဲ့လာပြီး မြို့ပေါ်တွင်လည်း သေနတ်သံများ မကြာခဏ ကြားလာရကြောင်း ဒေသခံများထံမှ သိရသည်။

“ခုတလော ညပိုင်းတွေဆို သေနတ်သံတွေ ကြားလာရတယ်၊ မြို့ပေါ်မှာ စစ်တပ်ရှိလည်း လူသတ်မှုတွေ ဓားပြမှုတွေ ဖြစ်တာပဲ၊ ပြည်သူတွေကတော့ အကုန်ကြောက်နေရတာ အရာရာ သတိထားနေရတာ၊ ဓားပြတိုက်တဲ့သူတွေက ဘယ်အိမ်မှာ ဘာရှိတယ် အသေးစိတ် စုံစမ်းပြီးမှ တိုက်တာ၊ အခန့်မသင့်ရင် လူပါသတ်ခံရမှာ ကြောက်တယ်။”ဟု ရွာငံ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တရားဥပဒေ စိုးမိုးမှု အားနည်းလာသည်နှင့် ရွာငံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ မရှိတော့သည့်အပြင် လူသတ်မှုများ ၊သက်ငယ်မုဒိမ်းမှုများနှင့် ခိုးဆိုးလုယက် ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလာပြီး အရေးယူ ဆောင်ရွက်ပေးမည့် အဖွဲ့လည်း မရှိသောကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်။

သျှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့နယ်တွင် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်း အမည်ကို အလွှဲသုံးစားလုပ်၍ ဓားပြတိုက်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း (၁၀၀၃) တပ်ရင်းမှ ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...