Tuesday, January 27, 2026

မူဆယ်မြို့

စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ တရားဉပဒေစိုးမိုးမှုမရှိ၊ လောင်းကစားရုံ/မူးယစ်ဆေးပေါများ

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ချန်ထားခဲ့သည့် စစ်ကောင်စီထိန်းချုပ်ရာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အတွင်း လောင်းကစားရုံနှင့် မူးယစ်ဆေးဝါး ပေါများလာသည့်အပြင် တရားဉပဒေ စိုးမိုးမှုလည်း မရှိတော့ကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့အတွင်း လောင်းကစားရုံများ၊ KTV များ အထူးပေါများနေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ များလာသည်နှင့်အမျှ လုယက်မှု၊...

မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်ကားဝင်ထွက်ခွင့်ရရန် စည်ပင်နှင့် ကညနထံ တုံကင်ဝယ်ရ

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်တင် ကုန်ကားများ ဝင်ထွက်ခွင့်ရရန် စစ်ကောင်စီလက်အောက်ခံ စည်ပင်နှင့် ကညန ထံသို့ တုံကင်ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။ မေလ ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဝန်ထမ်းများ အပြောင်းအလဲ ပြုလုပ်ခြင်းကြောင့် မေလ ၁...

မူဆယ်မြို့ မီးသတ်ကြေးအကြောင်းပြငွေကောက်ပြီး အိမ်ထောင်စုမိတ္တူတောင်း ဒေသခံများစိုးရိမ်

သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကြေးအကြောင်းပြ၍ ငွေကောက်ပြီး အိမ်ထောင်စု မိတ္တူများ တောင်းခံနေကြောင်း သတင်းရရှိသည်။ ယခု ဧပြီလ ၃ ရက် မှစ၍ မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကြေးအကြောင်းပြ၍ ပိုက်ဆံများကောက်ခံနေပြီး အိမ်ထောင်စု မိတ္တူများပါ တောင်းနေခြင်း ကြောင့် ဒေသခံများ...

မူဆယ်မြို့ နေအိမ်ထဲဝင်ခိုးရန် ကြိုးစားသည့် အမျိုးသား လှေကားတက်ရင်း ပြုတ်ကျသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ နေအိမ်ထဲသို့ ဝင်ခိုးရန် ကြိုးစားခဲ့သည့် အမျိုးသားသည် နေအိမ်အပြင်ဘက်မှ လှေကားထောင်တက်ရင်း ပြုတ်ကျကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းတွင် မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ နေအိမ်တစ်လုံးထဲ မီတာဘောက် ဝင်ရောက်ခိုးယူရန် ကြိုးစားခဲ့သည့် အမျိုးသားတစ်ဦးသည် လှေကားထောင်တက်ရင်း...

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ မူဆယ် စစ်ကောင်စီက နယ်စပ်ဖြတ်သန်းခွင့်မပြုတော့

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် လဝကများက နယ်စပ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၂) ရက်မှ စတင်ပြီး မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၁၈)...

မူဆယ်မြို့ အမည်မသိ လက်နက်ကိုင် ၅ ဦး ဖုန်းဆိုင်တွင် ဓားပြဝင်တိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်းစော်ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို အမည်မသိလက်နက်ကိုင် ၅ ဦး ဝင်ရောက် ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၇ ရက်) ညနေပိုင်း ၉နာရီဝန်းကျင်တွင် မြို့အတွင်းရှိ စွမ်စော်ရပ်ကွက် ဖုန်းဆိုင်တစ်ဆိုင်တွင် အမည်မသိလက်နက်ကိုင် ၅ ဦးသည် သေနတ်ကိုင်ဆောင်ထားပြီး ဆိုင်အတွင်းရှိ ဖုန်းနှင့်...

မူဆယ် နမ့်ဖတ်ကာ ပြည်သူစစ်နှင့် မူးယစ်ဆေးသယ်‌ဆောင်သည့် အမျိုးသားတစ်ဦး ပစ်သတ်မှုဖြစ် တစ်ဉီးသေဆုံး

သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ နမ့်ဖတ်ကာ ပြည်သူစစ်နှင့် မူးယစ်ဆေးသယ်ဆောင်လာသည့် အမျိုးသားတစ်ဦး ပစ်ခတ်မှု ဖြစ်ပွားရာ မူးယစ်ဆေးသယ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက်ပိုင်းအစောပိုင်းတွင် KTV မှ ပြန်လာသည့် အမျိုးသား တစ်ဦးကို လမ်းတွင် စောင့်ဆိုင်းစစ်ဆေးနေသည့် ပြည်သူ့စစ်နှင့်ထိပ်တိုက်တွေ့ဆုံရာ...

မူဆယ်မြို့ ဆရာဝန်အမျိုးသမီးတစ်ဦးကို အမည်မသိအမျိုးသားက ကားဓားပြတိုက်သွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆရာဝန် အမျိုးသမီးတစ်ဦးသည် ဆံပင်ဆိုင်တွင် ခေါင်းလျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဉီးက ကားဓားပြတိုက်ယူသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်) နေ့ မနက်ပိုင်း ၁၀နာရီခွဲ ဝန်းကျင်အချိန်တွင် ဆရာဝန် အမျိုးသမီးတစ်ဦးသည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ နှင်းနှင်းဆံပင်ညှပ်ဆိုင်တွင် ခေါင်လျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက ကားရွေ့ပေးရန်...

တရုတ် ဖိအားပေးမှုကြောင့် ကျားဖြန့် ဖမ်းဆီးရာ စစ်ကောင်စီနှင့် ပြည်သူစစ် အပြန်အလှန် ပစ်ခတ်မှုဖြစ်

တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တရုတ်အာဏာပိုင်၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီနှင် ရဲလက်အောက်ခံတပ်သည် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူကို လိုက်လံ ဖမ်းဆီးနေစဉ် ပြည်သူစစ်နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) နေ့လည် ၃နာရီဝန်းကျင်တွင် ဟိုနားရပ်ကွက် နယ်မြေ(၂) ၊ စိန်စီဟိုတယ်...

တရုတ်အာဏာပိုင် ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များ သွင်းကုန်ပိတ်ထားဆဲ

တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင် ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ် ထိန်းချုပ်သည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် သွင်းကုန်များ ပိတ်ထားနေဆဲဟု စုံစမ်းသိရသည်။ မြန်မာ-တရုတ်နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များတွင် တရုတ်ဘက်သို့ ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများသာ တင်ပို့နိုင်ပြီး စားသောက်ကုန်များကို ပြန်လည်တင်သွင်းခွင့် မရှိဘဲ ပိတ်ထားနေသေးကြောင်း ဒေသခံများပြောပြချက်...

Latest news