စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ မူဆယ် စစ်ကောင်စီက နယ်စပ်ဖြတ်သန်းခွင့်မပြုတော့

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် လဝကများက နယ်စပ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၁၂) ရက်မှ စတင်ပြီး မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားများနှင့် အသက် (၂၇) နှစ်အောက်ရှိ အမျိုးသမီးများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး လဝက တာဝန်ရှိသူများက နယ်စပ်ဖြတ်သန်းခွင့် တားမြစ်ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အနီကိုင်တဲ့လူဆိုရင် အခု နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်မှာ လဝကနဲ့ ရဲတွေ ပေးမဖြတ်တော့ဘူး။ ဒီဘက် စစ်ကောင်စီကပဲ ပေးမဖြတ်တာ မဟုတ်ဘူး၊ တရုတ်ရဲတွေလည်း သူတို့ဘက် ပေးမဝင်ဘူး။ အရေးတကြီး ဖြတ်ရမယ်ဆိုရင်တော့ ရပ်ကွက်ထောက်ခံစာဖြစ်ဖြစ် ပါမှ ဖြတ်လို့ရမှာ”ဟု မူဆယ်ဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့

အကယ်၍ တရုတ်နိုင်ငံဘက်သို့ ကျန်းမာရေးကဲ့သို့ အရေးတကြီး မဖြစ်မနေ သွားရောက်ရမည်ဆိုပါက စစ်မှုထမ်းဆင့်ခေါ်စာ မရရှိကြောင်း ထောက်ခံစာ ပါရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဟု တာဝန်ကျ လဝက အရာရှိများက ပြောဆိုကြောင်း ၎င်းလူငယ်က ဆက်ပြောသည်။

စစ်ကောင်စီဘက်မှ ယခုကဲ့သို့ နယ်စပ်ဂိတ်များမှတဆင့် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အရွယ်ဖြင့် လူငယ်များကို ခြိမ်းခြောက်အကြပ်ကိုင်ကာ စစ်မှုထမ်းစာရင်း ပါဝင်သူများကို နိုင်ငံပြင်ပ ထွက်ခွာခွင့် မရရှိအောင် တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးသဘောတူထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

အလားတူ တရုတ်နိုင်ငံဘက်သို့ အလုပ် သွားရောက်လုပ်ကိုင်ရန် အေဂျင်စီနှင့် ပွဲစားများကို ဆက်သွယ်ပြီး မူဆယ်မြို့သို့ ရောက်ရှိစောင့်ဆိုင်းနေသည့် ပြည်မမှ အလုပ်သမား အများအပြားလည်း စစ်မှုထမ်းအသက်အရွယ် ကန့်သတ်ချက်အရ နယ်စပ်ဖြတ်သန်းခွင့် မရတော့ခြင်းကြောင့် နေရပ်ပြန်လွှတ်ခံနေရကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ မှ စတင်ပြီး မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များမှတဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် (၇) ရက်ခံ အစိမ်းရောင်ကတ် (TBP) ဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ခြမ်းသို့ အလုပ်သွားရောက် လုပ်ကိုင်သူများ ရှိခဲ့ရာမှ အေဂျင်စီနှင့် ပွဲစားများ၏ အာမခံချက်ဖြင့် ရောက်ရှိလာသည့် လူငယ် (၄၀၀၀) ကျော်လည်း နေရပ်ပြန်လွှတ်ခံနေရသည်။

စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသားများကို ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ ဇန်နဝါရီလ (၃၁) ရက်တွင် စတင်ကန့်သတ်လိုက်ပြီးနောက် မူဆယ်နှင့် တာချီလိတ်မြို့ရှိ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...