မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းနေသည့် တရုတ်နိုင်ငံသား ၅ ဦး နှင့် မြန်မာနိုင်ငံသား ၂၃ ဦး စုစုပေါင်း (၂၈) ဦးတို့ကို ဖမ်းဆီးမိခဲ့ကြောင်း စစ်ကော်မရှင်က ယနေ့(မေလ ၂၉ ရက်)တွင် သတင်းထုတ်ပြန်သည်။

“မနေ့က ဝင်ဖမ်းတာ စွမ်စော်ရပ်ကွက်မှာ အဲ့တာ ၂၈ ယောက်ပါသွားတယ်။ရဲကားတွေ အချုပ်ကား တွေနဲ့ကော ဝင်တာလာဖမ်းတာ။”ဟု မူဆယ်မြို့ ဒေသခံ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ထိုအွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း လုပ်ကိုင်သူနှင့် အတူ သက်သေခံပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station အကြီး ၁လုံး၊ Power Station အသေး ၁ လုံး၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့ကို သိမ်းဆည်း ရမိကြောင်း ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် (မေလ ၁၇ ရက်)တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

မူဆယ်မြို့နယ်အတွင်းလှုပ်ရှားနေသည့် ကျားဖြန့်များ၏နောက်ကွယ်တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ကို အခွန်ပေးဆောင်ထားပြီး ကျားဖြန့်ပပျောက်ရန်အတွက် ပြည်သူ့စစ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများကိုလည်း အရေးယူသင့်ကြောင်း မူဆယ်ဒေသခံများက ထောက်ပြပြောသည်။

မူဆယ်မြို့၏ ဘေးပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များဖြစ်သည့် ကောင်းခါးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပိန်းဆာ ပြည်သူ့စစ်၊ မန်ဂျယ် ပြည်သူ့စစ်၊ စိန်ကျော့ပြည်သူ့စစ်၊ မန်ပြိန်း ပြည်သူ့စစ်၊ ရှောက်ဟော် ပြည်သူ့စစ်၊ တာမိုးညဲ ပြည်သူ့စစ်၊ မုံးပေါ် ပြည်သူ့စစ် အပြင် အဖွဲ့ပေါင်း ၁၅ဖွဲ့ထက်မနည်း လှုပ်ရှားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှစတင်၍ တရုတ်နိုင်ငံသည် နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီကို ဖိအားပေးခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်ပြည်ထောင်စုက Cyber Scam Task Force ကို ဖွဲ့စည်းကာ ဒေသတွင်း အွန်လိုင်းရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည်။

မြန်မာနိုင်ငံအခြေစိုက် ငွေလိမ်ဂိုဏ်းများကြောင့် အမေရိကန်နိုင်ငံသားများမှာ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန (INL) က ကရင်ပြည်နယ်အတွင်းရှိ Tai Chang 1.0, 2.0 နှင့် 3.0 ဟုခေါ်သော ငွေလိမ်စင်တာများ၏ ငွေကြေးခဝါချမှုကွန်ရက်ကို ဖော်ထုတ်နိုင်ရန် ဒေါ်လာ ၁၀ သန်း ဆုကြေးငွေအဖြစ် ပြီးခဲ့သည့် (ဧပြီ ၂၄ ရက်) တွင် ကြေညာလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...