၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇ ရက်နေ့အထိ (၈) လခန့်ကာလအတွင်း သျှမ်းပြည်တစ်ခွင်တွင် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်၍ ဖမ်းဆီးရမိမှုပေါင်း (၄၆) မှုထက်မနည်းရှိခဲ့ပြီး ဖမ်းဆီးရမိသူ စုစုပေါင်း ၂,၄၀၀ ကျော်အထိ ရှိလာခဲ့သည်။

ဖမ်းဆီးရမိသူများအနက် တရုတ်နိုင်ငံသား ၂,၀၀၀ ကျော်နှင့် မြန်မာနိုင်ငံသား ၃၆၀ ကျော် ပါဝင်ပြီး ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်နိုင်ငံသားများလည်း ပါဝင်နေကြောင်း သိရသည်။

အထူးသဖြင့် သျှမ်းပြည်တောင်ပိုင်းရှိ ကွန်ဟိန်း၊ လဲချားနှင့် နမ့်စန်မြို့နယ်များအပြင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့သည်လည်း ကျားဖြန့်ဂိုဏ်းများ၏ ခိုလှုံရာ ဗဟိုချက်သစ်တစ်ခု ဖြစ်လာသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၂၅ ခုနှစ် မတ်လတွင် ကျားဖြန့်များကို အမြစ်ပြတ်ရှင်းလင်းပြီးပြီဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ထိုကြေညာချက်မှာ ဝါဒဖြန့်မှုသက်သက်သာ ဖြစ်နေကြောင်း သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းဆိုင်က ထောက်ပြသည်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကျားဖြန့်တွေကို အမြစ်ပြတ်ချေမှုန်းပြီးပြီဆိုတဲ့ ကြေညာချက်ဟာ နိုင်ငံတော်အဆင့် ဝါဒဖြန့်မှုသာ ဖြစ်ပါတယ်။ ဒါကို အမြစ်ပြတ်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အချင်းချင်းချက်ဆက်ထားတာမျိုး ဒါမှမဟုတ် သီးခြားစီလည်ပတ်နေတာမျိုးရှိတဲ့ ဌာနခွဲပေါင်းများစွာပါဝင်တဲ့ နိုင်ငံတကာအဆင့် ရာဇဝတ်ဂိုဏ်းကြီးတစ်ခု ဖြစ်နေလို့ပါပဲ” ဟု ၎င်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကျားဖြန့်ဂိုဏ်းများသည် ယခင်က ကိုးကန့်၊ “ဝ” နှင့် မိုင်းလားဒေသများတွင်သာ အခြေစိုက်ခဲ့သော်လည်း ယခုအခါ သံလွင်မြစ်ကို ဖြတ်ကျော်၍ သျှမ်းမြောက်ရှိ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ၊ ကျေးသီးနှင့် သျှမ်းတောင်ရှိ လဲချား၊ ကွန်ဟိန်း၊ နမ့်စန်အပြင် သျှမ်းအရှေ့ တာချီလိတ်မြို့များအထိ ပျံ့နှံ့လာခြင်း ဖြစ်သည်။

ရာနှင့်ချီသော လူအင်အားဖြင့် ကျားဖြန့်ခြံဝင်းကြီးများကို အခိုင်အမာတည်ဆောက် လည်ပတ်နိုင်ခြင်းမှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ မျက်ကွယ်ပြုမှု သို့မဟုတ် အကျိုးအမြတ်ခွဲဝေယူ၍ အကာအကွယ်ပေးမှုများကြောင့်သာ ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

“မြန်မာစစ်တပ်ဟာ အခု တရုတ်မှာ အရေးယူခံနေရတဲ့ ကိုးကန့်အာဏာပိုင်ဟောင်းတွေနဲ့ ပတ်သက်မှုရှိခဲ့သလို၊ ကရင်-ထိုင်းနယ်စပ်က DKBA၊ BGF နဲ့ KNA အဖွဲ့တွေနဲ့လည်း ပတ်သက်နေပါတယ်။ ဒါကြောင့် မြန်မာစစ်တပ် ထိန်းချုပ်နယ်မြေတွေထဲမှာ ဒါမျိုးတွေဖြစ်နေတာ အံ့သြစရာမဟုတ်ပါဘူး။ EAO တွေရော မြန်မာစစ်တပ်တွေပါ နည်းလမ်းတစ်ခုမဟုတ်တစ်ခုနဲ့ ဒီငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာ ရှင်းနေပါတယ်” ဟု စိုင်းဝမ်းဆိုင်က ဆက်ပြောသည်။

ထို့အပြင် စစ်ကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့သည် ကျားဖြန့်လုပ်ငန်းများမှ ရရှိသည့် တရားမဝင်ဝင်ငွေ အမြောက်အမြားကို စစ်ပွဲစီးပွားရေးတစ်ရပ်အနေဖြင့် အကျိုးအမြတ်ခွဲဝေရယူနေကြကြောင်း ၎င်းက ဆိုသည်။

ထိုဂိုဏ်းများသည် မြန်မာနိုင်ငံတွင် တရားဝင်ခွင့်မပြုထားသည့် Starlink အင်တာနက်စနစ်များကို အဓိကအသုံးပြုနေကြပြီး ၈ လအတွင်း Starlink စက်ပေါင်း ၁၄၀ ကျော် သိမ်းဆည်းရမိခဲ့သည်။

ဆိုသည်မှာ ၎င်းတို့အနေဖြင့် မည်သည့်ကန့်သတ်ချက်များကြားတွင်မဆို နည်းပညာကို အသုံးပြု၍ လုပ်ငန်းလည်ပတ်နိုင်သည့် ကျွမ်းကျင်မှုရှိနေခြင်းကို ပြသနေကြောင်း သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းဆိုင်က ထောက်ပြသည်။

“ဒီပြဿနာက အရင်က ဘိန်းကနေ စိတ်ကြွဆေးပြားဖြစ်လာတဲ့ မှောင်ခိုလုပ်ငန်းတွေလိုပါပဲ။ အခု ကျားဖြန့်ကလည်း အဲဒီလိုပဲ ပုံစံပြောင်းပြီး ပျံ့နှံ့လာတာ။ ဒါဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု ဖြစ်တဲ့အတွက် ဒေသတွင်းတည်ငြိမ်ရေးနဲ့ လူကုန်ကူးမှုပြဿနာတွေကို ပိုပြီးဆိုးရွားလာစေလိမ့်မယ်” ဟု စိုင်းဝမ်းဆိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်အတွင်းပိုင်းသို့ ပျံ့နှံ့လာသည့် ကျားဖြန့်ဂိုဏ်းများသည် ဒေသခံလူထု၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ရေရှည်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေသော်လည်း အာဏာပိုင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်ကျိုးစီးပွားကြောင့် ထိရောက်စွာတားဆီးရန် ခက်ခဲနေဦးမည် ဖြစ်သည်။/

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...