ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့် ပုံလုံကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ယာယီတဲများ ဆောက်လုပ်ကာ ကျားဖြန့်လုပ်ငန်းကိုင်နေသည့် တရုတ်နိုင်ငံသား ၁၀ ဦးကို ဦးစွာ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။ 

ဆက်လက်ရှာဖွေရာတွင် ပုံလုံကျေးရွာ၏ အနောက်မြောက်ဘက်ဘက်မှ တရုတ်နိုင်ငံသား ၆ ဦးနှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံသား ၇ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၂၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“မနေ့က ထပ်ပြီး‌ ကျေးသီးမြို့နယ်ထဲမှာ ဖမ်းမိတဘ်။သူတို့ကြည့်ရတာ အဲ့ကျားဖြန့် သူတို့လုပ်ကိုင်တဲ့ ပုံစံတွေ ပြောင်းလဲလာတယ်။အရင်လို လူအမျိုးကြီး မစုနေတော့ဘူး။တစ်နေရာကို နည်းနည်းနဲ့ ခွဲနေကြတာ။”ဟု ကျေးသီးမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် Starlink စက် ၄ လုံး ၊ ဖုန်း ၂၆ လုံး၊ Tablet ၂ လုံး၊ Laptop ၁ လုံး၊ Network လိုင်းခွဲ Box ၈ ခု၊ Wi-Fi စက် ၁၂ ခု၊ ငွေဖြတ်စက် ၄ လုံးနှင့် မီးစက်၊ ရေခဲသေတ္တာများအပါအဝင် လုပ်ငန်းသုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ၂၃ ဦးအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“ အခု ကျားဖြန့်တွေ ကျေးသီးမြို့နယ်ထိရောက်လာတာက လက်နက်ကိုင်တပ်ဖွဲ့တွေမပါရင် မရောက်ဘူး။ ဘယ်အဖွဲ့က ခေါ်လာလဲဆိုတာ သိမှာပါ။” ဟု ကျေးသီး ဒေသခံတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

ကျေးသီးမြို့နယ်အတွင်း တွင် စစ်ကော်မရှင်တပ်၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်သည့်ဒေသဖြစ်သည်။

“ကျနော်တို့ SSPP မှာက ကျားဖြန့်ကို လုံခြုံရေးပေးရင် ပြစ်ဒဏ်ပေးပါတယ်။ SSPP အောက်ခြေကလူတွေ လုပ်ခဲ့တာရှိပါတယ်။ အခုက ကျားဖြန့်နဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကြီးတော့ မလုပ်ကြတော့ဘူး။ ပြည်သူစစ်တွေလည်းခေါ်လာတာရှိတယ်” ဟု SSPP နှင့် နီးစပ်သူတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ယခုနောက်ပိုင်း SSPP ထိန်းချုပ်သည့်နယ်မြေအတွင်း ကျားဖြန့် လုပ်ကိုင်သူများကို ဖမ်းဆီးရမိခဲ့လျှင် သက်ဆိုင်ရာ အာဏာပိုင်များက ခေါ်ယူစစ်ဆေးခြင်း၊ ကြီးလေးသည့် ပြစ်ဒဏ်ပေးခြင်းတို့ကို လုပ်ဆောင်ကြောင်းလည်း ၎င်းက ပြောပြသည်။ 

ယခု သြဂုတ်လ အတွင်း သျှမ်းပြည်တွင် ပျံ့နှံနေသည့်  ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများကို လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် တာချီလိတ်မြို့နယ်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...