မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးရာမှ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသားတဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အခုဖမ်းမိတာလည်း အဖွဲ့ သေးသေးလေးပါ။ဒီနောက်ပိုင်း ကျားဖြန့်တွေလည်း သိပ်မရှိတော့ဘူး။ ကျားဖြန့်တွေက လက်နက်ကိုင်အဖွဲ့တိုင်းနဲ့ ပတ်သက်မှုရှိတယ်။သက်ဆိုင်တွေနဲ့လည်း ဆက်ဆံရေးတွေက ရှိတယ်။ အဖွဲ့ကြီးတွေကတော့ ပိုက်ဆံပေးထားတာ ရှိမှာဆိုတော့ တခြားနေရာတွေ ရွှေ့ပြောင်းထားတာ ဖြစ်နိုင်ပါတယ်။ ဒီတိုင်းဖမ်းနေလည်း လုံးဝပျောက်သွားဖို့ မဖြစ်နိုင်သေးဘူး” ဟု မူဆယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းများကို လုံခြုံရေးပူးပေါင်းအဖွဲ့များက ကားများဖြင့် မြို့တွင်း လှည့်လည် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်စပ်နေနိုင်သည့် ကျားဖြန့်လုပ်ငန်းများလည်း ရွှေ့ပြောင်းမှုများရှိနိုင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖမ်းဆီးရာတွင် ဖုန်းအမျိုးမျိုး ၇၇ လုံး၊ All-in-One ကွန်ပျူတာ ၃ လုံး၊ Laptop ၁ လုံးနှင့် အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်နှင့် “ဝ” ဒေသများတွင်လည်း ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို တရုတ်နိုင်ငံ၏ ဖိအားပေးမှုများနောက်ပိုင်း ဖမ်းဆီးရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါလုပ်ငန်းနှင့် ဆက်စပ်သူများကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးမှုများ ရှိခဲ့သည်။ 

ထိုသို့ ကျားဖြန့်တိုက်ဖျက်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဩဂုတ်လအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် “ဝ”တပ်ဖွဲ့ (UWSA) တို့သည် ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ကျားဖြန့်တိုက်ဖျက်ရေးအပါအဝင် တရားရေးရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း “ဝ”တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ MOU တွင် ကျားဖြန့်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေးနှင့် အမှုနှင့်ပတ်သက်သူများအား အပြန်အလှန် စုံစမ်းဖမ်းဆီး၍ လွှဲပြောင်းပေးရေးတို့ ပူးပေါင်းဆောင်ရွက်ရန် ပါဝင်ကြောင်း သိရသည်။

ကိုးကန့်နှင့် “ဝ” ဒေသများတွင် ကျားဖြန့်လုပ်ငန်းများကို ဖမ်းဆီးရှင်းလင်းမှုများ ပြုလုပ်လာပြီးနောက် မြန်မာနိုင်ငံအတွင်း အခြားဒေသများတွင်လည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ဆက်စပ်သူများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဆက်လက်ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...