သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်
ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ တော်ရွက်ရပ်ကွက်နေ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကားဆီဖြည့်ရာကနေ မီးလောင်သွားတာပါ။ ဆီထည့်နေတဲ့အချိန် မီးလောင်နေတာကို လက်လွတ်မိရာကနေ မီးတောက်လျှောက်ကူးသွားတာ။ထရန်စဖော်မာတွေလည်း မီးလောင်ကုန်တာပဲ။ ကား ၃ စီး မီးလောင်ပါတယ်” ဟု တော်ရွက်ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရပြီ၊ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို လက်ရှိတွင် မသိရသေကြောင်း သိရသည်။
ပြီးခဲ့သည့် (ဇွန်လ ၁၉ ရက်) တရုတ်-မြန်မာ မူဆယ်မြို့ဘက်ခြမ်းဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV ၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။













Leave a Comments