တရုတ် ဖိအားပေးမှုကြောင့် ကျားဖြန့် ဖမ်းဆီးရာ စစ်ကောင်စီနှင့် ပြည်သူစစ် အပြန်အလှန် ပစ်ခတ်မှုဖြစ်

တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တရုတ်အာဏာပိုင်၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီနှင် ရဲလက်အောက်ခံတပ်သည် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူကို လိုက်လံ ဖမ်းဆီးနေစဉ် ပြည်သူစစ်နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) နေ့လည် ၃နာရီဝန်းကျင်တွင် ဟိုနားရပ်ကွက် နယ်မြေ(၂) ၊ စိန်စီဟိုတယ် နှင့် ၉၇ ဆပ်ပြာ ကုမ္ပဏီ အနီးတဝိုက်ရှိ ကျားဖြန်လုပ်ငန်း လုပ်ကိုင်သူကို ဖမ်းဆီးရမိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တရုတ် အာဏာပိုင်များသည် ကျားဖြန့်လုပ်ငန်း ဦးဆောင်နေသည့် သူ‌ဌေး ၄ ဦးကို ဖမ်းဆီးရန် ဖိအားပေးလာခြင်းကြောင့် ယခင်ကဲ့သို့ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးနေရကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“တရုတ်အာဏာပိုင်တွေက စစ်တပ်ကို ဖိအားပေးပြီး ကျားဖြန့် သူဌေး ၄ ဦးကို ဖမ်းခိုင်းတယ်။ သူတို့လည်း လာဖမ်းမှာကို အကြောင်းကြားတာမျိုးမရှိဘဲ ဝင်လာတော့ ပစ်ခတ်မှုတွေဖြစ်တယ်။ သိရသလောက်က ဟိုနား နယ်မြေ(၂)၊ စိန်စီဟိုတယ်၊ ပန်လုံတဝိုက်နဲ့ ဘုံကျောင်းတဝိုက်တွေမှာ တော်တော်ဖမ်းရတယ်။ အဲ့နောကမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

ကျားဖြန့် လုပ်ကိုင်သည့်နေရာ ကို စစ်ကောင်စီဘက်မှ လာရောက်ဖမ်းဆီးမည်ကို အသိပေးခြင်းမရှိခြင်း။ ရှောင်တခင်ဝင်ရောက်လာသူများနှင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ၏ လုံခြုံရေးကို တာဝန်ယူထားသည့် ပြည်သူစစ်များက အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ ထိခိုက်သည့်အထိရှိကြောင်း သိရသည်။

“ တကယ်တော့ ကျားဖြန့် လုံခြုံရေး ယူတာလည်း စစ်ကောင်စီရဲ့လက်အောက်ခံ ပြည်သူ့စစ်ပဲလေ။ သူတို့ အချင်းချင်းက မသိကြတာမဟုတ်ဘူးထင်တယ်။ ဟန်ရေးပြ ပစ်ရင်းနဲ့ ထိခိုက်တာလည်းဖြစ်နိုင်တယ်။ ကျားဖြန့် ကရတဲ့ငွေတွေ ခွဲဝေ ခွဲစားတွေပဲလေ” ဟု မူဆယ်ဒေသခံအသက် (၅၀)အရွယ်ရှိ အမျိုးသားတစ်ဉီးက ပြောသည်။

ပြီးခဲ့သည့် (စက်တင်ဘာလ ၂၃ )ရက်တွင်လည်း တရုတ်အာဏာပိုင်၏ ဖိအားကြောင့် စစ်ကောင်စီသည် မူဆယ်မြို့နယ်တွင် ကျားဖြန့် (၆၀၀)ဝန်းကျင် ဖမ်းဆီးခဲ့ရာ ထိုထဲမှ(၃၀၀)ကျော်တွင်မြန်မာနိုင်ငံသားများဖြစ်ကြောင်းသိရသည်။

ထိုမြန်မာနိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ပိုက်ဆံဖြင့်ပြန်လည်ရွေးခိုင်းပြီး လွှတ်ပေးခဲ့ကြောင်းလည်း အကြောင်းသိရှိသည့် မူဆယ်ဒေသခံအမျိုးသားက ဆိုသည်။

“ အခုဖမ်းခံရတဲ့သူတွေလည်း ပိုက်ဆံနဲ့ပြန်လွှတ်ပေးမှာပဲ။ ကျနော် ဘယ်မိတဲ့ဦးရေတော့ အတိအကျမသိရသေးဘူး။ တော်တော်တော့များတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ သျှမ်းမြောက်လူငယ် အများစုသည် ကျားဖြန့်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်လှုပ်ရှာနေပြီး အွန်လိုင်း ငွေလိမ်လည်မှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဟာ ကျားဖြန့် တိုက်ဖျက်ရေး၊ အွန်လိုင်း ငွေလိမ်လည်မှုကိစ္စ ပပျောက်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် တွင် “၁၀၂၇ စစ်ဆင်ရေး” ဟုဆိုပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာခဲ့သော်လည်း ကျားဖြန့် လုပ်ငန်းကြီးသည့် ပပျောက်သွားခြင်းမရှိဘဲဆက်လက်ပြန့်နေသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...