Tuesday, January 27, 2026

မူဆယ်မြို့ အမည်မသိ လက်နက်ကိုင် ၅ ဦး ဖုန်းဆိုင်တွင် ဓားပြဝင်တိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်းစော်ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို အမည်မသိလက်နက်ကိုင် ၅ ဦး ဝင်ရောက် ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၇ ရက်) ညနေပိုင်း ၉နာရီဝန်းကျင်တွင် မြို့အတွင်းရှိ စွမ်စော်ရပ်ကွက် ဖုန်းဆိုင်တစ်ဆိုင်တွင် အမည်မသိလက်နက်ကိုင် ၅ ဦးသည် သေနတ်ကိုင်ဆောင်ထားပြီး ဆိုင်အတွင်းရှိ ဖုန်းနှင့် ပိုက်ဆံကို ယူဆောင်သွားကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ် ၇ ရက်နေ့ ညနေပိုင်းအချိန်မှာ ဖြစ်သွားတာ။ ကျနော်တို့လည်း အတက်နိုင်ဆုံး လိုက်လံစုံစမ်းပေမဲ့ ဘာမမထူးလာဘူး။ ဆိုင်ပိတ်ချိန်က နည်းနည်းနောက်ကျတယ်ပြောရမယ်။ လူ ၅ ယောက် သေနတ်ထောင်ပြီး ဆိုင်အနောက်ပေါက်ကနေ ဝင်လာတာ ဖုန်းနဲ့ ပိုက်ဆံတွေတော့ အကုန်မသွားတယ်။ လူကိုဘာမမလုပ်လို့ တော်သေးတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံရေး အခြေနေအရ တရုတ်- မြန်မာ ကျားဖြန့်လုပ်ငန်းနှင့် ငွေလဲလှယ်သူများ၊ ဆိုင်ကြီးဖွင့်ထားသူ အနေဖြင့်လည်း သူခိုး ဓားပြများကိုလည်း သတိထားရမည်ဖြစ်ကြောင်း မူးဆယ်ဒေသခံ များက ပြောဆိုသည်။

ထို့အပြင် မူဆယ်မြို့တွင် မကြာခဏ ဓားပြတိုက်နေသည့် သူများသည် အဖွဲ့လိုက်ရှိကာ အုပ်စုလိုက် လူအပြောင်းလဲ လုပ်နေကြကြောင်း၊ တစ်အုပ်စုတွင် ၁၀ ယောက် သိုမဟုတ် ၅ ယောက်အုပ်စုလိုက် ရှိနေသည်ဟု မူဆယ်ဒေသခံ အသက် ၄၀ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီလဝက်ထဲကို ဓားပြတိုက်တာ အပစ်ခံရတာတွေ မနည်းတော့ဘူး ၅ ခါလောက်ရှိနေပြီ။ တချို့ဆို သတင်းပေးမထွက်တာမျိုးတွေရှိတယ်။ ပြောချင်တာက တချို့ဆိုင်တွေ သတိမရှိကြတာ ညနေ ၅ နာရီဆိုသူများတွေပိတ်ပြီ သူတို့က မပိတ်ပဲ နေနေတော့ ခိုးမဲ့လူတွေအတွက် အခွင့်ကောင်းဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် (ဇန်နဝါရီ ၁၈ ရက်)နေ့ ညနေပိုင်းတွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မီးသတ်ရုံအနီးရှိ ကုန်စုံဆိုင်ကြီးတစ်ဆိုင်ကိုလည်း ပြည်သူ့စစ်ဟန်ဆောင်ထားသော အမျိုးသား(၃)ဉီးသည် လက်နက်ကိုင်ပြီး ဆိုင်ပိုင်ရှင် အမျိုးသမီး ကို ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...