ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန် မူးယစ်ဆေးဝါးသုံးစွဲနေသူ (၄) ဦးတွေ့ရှိကြောင်း၊ ထိုသူများအနက် တစ်ဉီးက စစ်ဆေးမခံဘဲ ထွက်ပြေးသောကြောင့် ခြောက်လှန့် ပစ်ခတ်စဉ် တစ်ဉီး ထိခိုက်ဒဏ်ရာရှိသွားကြောင်း၊ TNLA ကြားဝင်ပေးမှုဖြင့် ကျပ်ငွေ သိန်း ၅၀ ပေးရန် နစ်နာသူဘက်မှ တောင်းဆိုကြောင်း လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“နမ့်စန့်မှာ SSPP ကမူးယစ်ဆေးတွေ လာစစ်တဲ့ချိန် ဆေးသုံးနေတဲ့ (၄)ယောက်နဲ့ တည့်တိုးတာ၊ သူတို့လိုက်ဖမ်း တော့ တစ်ယောက်ကထွက်ပြေးသွားတာ၊ အဲ့ကြောင့် သူတို့ သေနတ်နဲ့လိုက်ပစ်တဲ့ချိန် သူ့လက်ကိုထိသွားတာ၊ ထိသွားမှန်းတောင် မသိလိုက်ဘူးတဲ့၊ နမ့်ခမ်းဆေးရုံရောက်တဲ့ချိန်မှသိတာတဲ့၊ လျော်ကြေး သိန်း ၅၀ တောင်း တာ၊ မူးယစ်ဆေးမိထားတော့ SSPP က မပေးဘူးလေ” – ဟု ထိုဒေသခံက ပြောသည်။

မူဆယ်မြို့နယ် နမ့်စန့်ရွာ

ထို့ပြင် ဒဏ်ရာရသည့် သူထွက်ပြေးစဉ် ၄င်းလွင့်ပစ်လိုက်သော စိတ်ကြွမူးယစ်ဆေး (၅) စေ့ ကိုလည်းသိမ်းဆည်း ရသည့်ကြောင်း ဒေသ တွင်း သတင်းရင်းမြစ်က ပြောသည်။

“ သူတို့လိုက်ဖမ်းတဲ့ချိန် ဆေးသမားက သူ့လက်ထဲကနေ အမည်းထုပ် တစ်ထုပ်လွှင့်ပစ်လိုက်တာ၊ သူတို့က အဲ့ဒီ အထုပ်ကို ယူပြီး စစ်ဆေးကြည့်တဲ့ချိန် မူးယစ်ဆေးဖြစ်နေတယ်” ဟုပြောသည်။

ထိုပစ်ခတ်ခံရသူကို နမ့်ခမ်းဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး မူးယစ်ဆေးဝါးတွေ့ရှိမှုနှင့် ပတ်သက်ပြီး မည်သို့ အရေးယူမည်ကိုလည်းမသိရသေးပေ။ နမ့်စန့်ရွာသည် မူဆယ်မြို့နယ်၊ နောင်လောင်းကျေးရွာအုပ်စုထဲတွင် ပါဝင် ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲရာ ဒေသတစ်ခုဖြစ်သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...