နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း နမ့်ခမ်းမြို့ ဒေသခံများပြောပြချက်အရသိရသည်။

ထို့ကျေးရွာတစ်ခုတွင် TNLA တပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင် ရှိကြောင်းသိရသည်။

“TNLA တပ်သားတွေရှိနေတော့ ပထမဆုံးအနေနဲ့ ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်ကြတယ်။ သူတို့လည်း အကြံတခုခုရှိရင်ရှိမယ်။ ရွာသားတွေကို စောင့်ကြည့်တာလည်း ဖြစ်နိုင်ပါတယ်။ အခုက ရွာထဲလက်နက်ကိုင်တွေရှိနေတော့ လူထုက စိတ်မလုံခြုံသလို ခံစားရတယ်။”ဟု နမ့်ခမ်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာများသည် ကျေးရွာတစ်ရွာလျှင် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

TNLA တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို ဖြတ်သန်းသွားလာရသည့်အတွက် ဒေသခံများအနေဖြင့် စစ်ဆေးခံရမှုများရှိလာပြီး စစ်ဆေးရေးဂိတ်ကဲ့သို့ နေရာများလည်း ပြုလုပ်ထားကြောင်း နမ့်ခမ်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ဒေသခံတွေတော့ ရွာထဲ ဒီလိုလာပြီး တပ်ဆွဲတာကို သဘောမကျဘူး၊ ခွင့်မပြုဘူး။အလုပ်သွား ၊လယ်ယာသွားတာကစ သူတို့ရှိတဲ့ နေရာကို ဖြတ်သန်းသွားလာနေရတာ။ ပြီးတော့ ဒေသခံတွေအတွက် လွတ်လပ်မှု မရှိဘူး ဆိုတာမျိုး ခံစားရတယ်။ ခုက ရုတ်တရက် ရွာထဲဝင်ပြီး ရှိတဲ့မြေကွက် အလွတ်တွေ၊ နေရာ လွတ်တွေမှာ လာနေကြတာ။” ဟု နမ့်ခမ်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခင်က အဆိုပါကျေးရွာများအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းမရှိဘဲ ယခုဩဂုတ်လမှ TNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အတွက် ဟုဆိုသော်လည်း ရွာအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက် တပ်စွဲထားခြင်းသည် ဒေသခံများအတွက် အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရန် လိုအပ်လျှင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကျေးရွာအတွင်း လမ်းလျှောက်ကင်းလှည့်ပြီး လုံခြုံရေးယူခြင်း ဆောင်ရွက်နိုင်သော်လည်း ကျေးရွာအတွင်း တပ်စွဲနေခြင်းကို လက်မခံကြောင်း ဒေသခံများက ပြောသည်။

TNLA တပ်ဖွဲ့ဝင်များ ရွာအတွင်း တပ်စွဲနေခြင်းကြောင့် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်ခံမည့် အခြေအနေကို စိုးရိမ်ရသည့်အပြင် ရိက္ခာနှင့် သောက်သုံးရေကိစ္စများ အပေါ်လည်း စိုးရိမ်နေကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) အရပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့များသည် အရပ်သားများနှင့် အရပ်သားနေရာများကို ကာကွယ်ရန်နှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် အရပ်သားထိခိုက်မှုကို လျှော့ချရန် တာဝန်ရှိသည်။

စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင်လည်း အရပ်သားများ ထိခိုက်မှုမရှိစေရန် အမြဲတမ်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...