Tuesday, January 27, 2026

မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်ကားဝင်ထွက်ခွင့်ရရန် စည်ပင်နှင့် ကညနထံ တုံကင်ဝယ်ရ

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်တင် ကုန်ကားများ ဝင်ထွက်ခွင့်ရရန် စစ်ကောင်စီလက်အောက်ခံ စည်ပင်နှင့် ကညန ထံသို့ တုံကင်ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။

မေလ ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဝန်ထမ်းများ အပြောင်းအလဲ ပြုလုပ်ခြင်းကြောင့် မေလ ၁ ရက်မှ ၅ ရက်အတွင်း အိမ်စီးကားများကို နယ်စပ်ဝင်ထွက်သွားလာခွင့် ယာယီတားမြစ်ခဲ့သည်။

ယနေ့ (မေလ ၆ ရက်)တွင် ဆင်ဖြူဂိတ်၌ အိမ်စီးကားများကို နယ်စပ်အဝင်အထွက် ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် သယ်ဆောင်သည့် Hiace အံစာတုံးကားများမှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ကညန ထံသို့ တုံကင်ဝယ်ယူနေရကြောင်း ကုန်သည်များက ပြောသည်။

“ဒီနေ့ကတော့ အိမ်စီးကားလည်း ပြန်ပေးဖြတ်ပြီ၊ ဆီစာအုပ်လည်း စစ်တယ်။ သူတို့ ကတ်ထုတ်ပေးတဲ့ အံစာတုံး Hiace ကားတွေတော့ ပေးဝင်တယ်။ အဲ့တာကို ကညန၊ ပို့ဆက်နဲ့ စည်ပင်က အလှည့်ရောင်းတာ။ ကုန်ကား အစီး ၂၀ ဝင်ခွင့်ရရင် ၁၀ စီးစာက သူတို့တုံကင် ကြိုရောင်းပြီးသား။ စည်ပင်ကို ယွမ် ၂၀၀၊ ပို့ဆက်ကို ယွမ် ၂၀၀ အဲ့လိုပေးဝယ်ရတယ်”ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့ ဆင်ဖြူဂိတ်တွင်တွေ့ရသည့် ဆိုင်ကယ်တန်းများ

ယခင်က မူဆယ်မြို့နယ် ဆင်ဖြူဂိတ်တွင် စားသောက်ကုန် သယ်ယူခွင့်အတွက် ကားအစီးရေ (၅၀) ခွင့်ပြုခဲ့သော်လည်း ယခုအခါ တရုတ်ဘက်မှ အစီး (၂၀) ၊ မြန်မာဘက်မှ အစီး (၂၀) ခွင့်ပြုထားရာ မြန်မာဘက်မှ ရရှိသည့် ခွဲတမ်းကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက အလှည့်ကျော် ဝင်ရောက်လိုသူများထံ ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းဆင်ဖြူဂိတ်မှ အံစာတုံးကားဖြင့် စားသောက်ကုန် တင်ဆောင်လာပါက ကားတစ်စီးလျှင် အသားတင်ငွေ တရုတ်ယွမ် ၁၂၀၀ မှ ၁၆၀၀ အထိသာ ကျန်ရှိပြီး ၎င်းထဲမှ သုံးပုံတစ်ပုံခန့်ဖြစ်သည့် တရုတ်ယွမ်ငွေ ၄၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၂ သိန်းခွဲခန့်) ကို စစ်ကောင်စီဝန်ထမ်းများထံ ကုန်ကားဝင်ထွက်ခွင့် ရရန် ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။

“အကောက်ခွန်တွေ တစ်လပြီးတစ်လ ဂျူတီချိန်းတော့ ခဏ အဝင်အထွက် ခက်သွားတာ။ ဒီလထပ်ရောက်တဲ့ Custom က နဲနဲကြမ်းတယ်၊ ပြီးခဲ့တဲ့ ၄-၅ ရက်က အိမ်စီးကားတွေ ပေးမဝင်ဘူး။ ဖြတ်ဖို့က ဆိုင်ကယ်ကော၊ ကားကော တုံကင် ယူရတာ။ ဆိုင်ကယ်ဆို တစ်ရက်ကို အစီးရေ ၂၀၀၊ ကုန်ကားကျတော့ တစ်ရက်ကို အစီးရေ ၄၀။ ဒါက တရုတ်ဘက်ကော မြန်မာဘက်ကော ပေါင်းပြီး ခွင့်ပြုထားတာ”ဟု ၎င်းကုန်သည် အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများမှ လွဲ၍ စားသောက်ကုန်များကို တပိုင်တနိုင် သယ်ဆောင်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာ ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက် ၁၉ ရွာ အိမ်ထောင်စု (ဢိူင်ႇ 19 ဝၢၼ်ႈ) များသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်း ပြုလုပ်၍ ဖြတ်သန်းသွားလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။