ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။

ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ် ပြန်လည်စိုက်ပျိုးရန် အရင်းနှီးမကျန်၍ ကြွေးမြီးများ တင်နေကြောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြောင်းပေါင်းသတ်ဆေး မှားသုံးမိလို့ ပြောင်းက သေတာက တမျိုး၊ မိုးရွာတော့ ရေကြီးတော့ စိုက်ခင်းမြှုပ်ကုန်တာက တမျိုးနဲ့ ဒီနှစ်တော့ ဘာမှ မကျန်ဘူး၊ နောက်ထပ် အရင်းလုပ်ပြီး ပြန်စိုက်မယ်ဆို ပွဲစားနားက အကြွေးက တင်ပြီးရင် တင်နေတော့ အဆင်မပြေဘူး၊ သီးနှံက မြတ်တာက နည်းနည်း ပွဲစားကို အကြွေးပေးရတာနဲ့တင် မကာမိဘူး။” ဟု တီကျစ်ဒေသခံ ခွန်မောင်က ပြောသည်။

ထိုသို့ တောင်ကျရေကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးသည်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင်လည်း ကြုံတွေ့လာရပြီး ပြောင်းဧက( ၅၀၀ )ကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ၎င်းအမျိုးသားက ပြောသည်။

ဆက်လက်ပြီး ပင်လောင်းမြို့နယ် လွယ်မောင်းရွာနှင့် ထီဝါးလီကျေးရွာတွင် မိုးရာသီ၌ တောင်ပြိုခြင်း၊ ရေကြီးခြင်းများကြောင့် နေအိမ်ပျက်စီးခြင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးခြင်းတို့ ကြုံနေရသောကြောင့် ပြောင်းရွှေ့ရန် စီစဉ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် ဩဂုတ်လ ၂ ရက် မနက် ၁၀ နာရီကျော်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် တောင်ကျရေ ရုတ်တရက် ဝင်ရောက်လာသဖြင့် နေအိမ်၊ လမ်းနှင့် စာသင်ကျောင်းများ ထိခိုက် ပျက်စီးသွားခဲ့သည်။

ယခု (၂၀၂၆) ခုနှစ် ဇူလိုင်လတွင်လည်း ပင်လောင်း၌ မိုးအဆက်မပြတ်ရွာသွန်းသောကြောင့် တောင်စောင်းတွင် ရှိသည့် ထီဝါးလီကျေးရွာနှင့် လွယ်မောင်းကျေးရွာသည် မြေပြိုခြင်း ၊ရေကြီးခြင်း အန္တရာယ်နှင့် ကြုံတွေ့လာနိုင်၍ နေရာသစ်သို့ ရွှေ့ပြောင်းရန် စီစဉ်နေကြကြောင်း သိရသည်။

“ရွာက တောင်စောင်းမှာဆိုတော့ စိုးရိမ်ရတယ်၊ တောင်ကျရေက ရုတ်တရက်စီးရင် တရွာလုံး အကုန်မြုပ်နိုင်တယ်၊ မြေပြိုရင် ပိုဆိုးတယ်၊ ဒါကြောင့် တခြားနေရာကို အပြီးပြောင်းရွှေ့မှရမယ်၊ လောလောဆယ်တော့ သက်ဆိုင်ရာ လူကြီးတွေနဲ့ ဆွေးနွေးနေတုန်းပဲ၊ ပြောင်းဖြစ်ဖို့တော့ များတယ် မိုးရာသီဆို ကောင်းကောင်းတောင် မအိပ်ရဲကြဘူး”ဟု လွယ်မောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ ထီဝါးလီကျေးရွာနှင့် လွယ်မောင်းကျေးရွာတွင် တောင်ကျရေကြောင့် ပြောင်းစိုက်ခင်း၊ ဂေါ်ဖီစိုက်ခင်းများ ဧက ၂၀၀ ကျော်ပျက်စီးခဲ့သောကြောင့် အရင်းနှီးများဆုံးရှုံးသွားကြောင်း အဆိုပါ အမျိုးသားက ပြောသည်။
လွယ်မောင်းကျေးရွာ နှင့် ထီဝါးလီကျေးရွာတွင် လူဦးရေတထောင်ကျော်ရှိပြီး အများအားဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများ ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် လွယ်မောင်းကျေးရွာနှင့် ထီဝါးလီကျေးရွာဘက်တွင် တောင်ကျရေကြောင့် ရေကြီး ၊မြေပြိုဖြစ်ခဲ့ပြီး နေအိမ် (၂၀)လုံးနီးပါး ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် မေလ ပထမပတ်တွင်လည်း ပင်လောင်းမြို့နယ်၊ ရွာငံမြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်အောက်ကျေးရွာရှိ ဆည်ကျေးရွာတွင် တောင်ကျရေများ စီးဆင်းကာ နေအိမ်အတွင်း ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရပြီး သီးနှံများ ပျက်စီးခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...