စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​ 

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ အရပ်သား ၃၀၀၀ကျော်သည် ပင်လောင်းမြို့နယ် ကျေးရွာအနီးတဝိုက်တွင် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားသောကြောင့် နန်းနိမ့်ကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ် အလုံး(၄၀) ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ၊နေအိမ်များလည်း မီးရှို့ပျက်စီးခံခဲ့ရသည်။ 

သို့သော် လက်ရှိတွင်စစ်ရေး ငြိမ်သက်နေသဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များပြန်လည် ပြုပြင်ခြင်းမရှိသေးသော်လည်း ၎င်းအပျက်အစီးကြားတွင် တဲထိုးပြီးပြန်နေထိုင်ရကြောင်း နေရပ်ပြန် ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

“ ရွာကဘုန်းကြီးကျောင်းလည်း ခုထိမပြင်နိုင်သေးဘူး၊ ပြင်ဖို့လည်းမတတ်နိုင်ကြသေးဘူး ၊မီးရှို့ခံရတဲ့ အိမ်တောင် မပြင်ဘဲ ဘေးမှာတဲထိုးပြီး ပြန်နေရတယ်။  ၊ စစ်ရှောင်ထားတော့ ပိုက်ဆံလည်းမရှိကြဘူး။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်အတွင်း နေရပ်ပြန်ပြည်သူများသည် စစ်ရေး ထပ်မံဖြစ်လာမည်ကို ပြည်သူများစိုးရိမ်နေကြောင်း၊ တိုက်ပွဲထပ်မံဖြစ်လာလျှင် ထွက်ပြေးရန်လည်း အဆင်သင့် ပြင်ဆင်ထားကြောင်း ၎င်းအမျိုးသားက ပြောသည်။​

ဆက်လက်ပြီး   ဒေသခံများသည် မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ရွာနှင့်ဝေးသည့် တောင်ယာခြံသို့ မသွားရဲဘဲ ရွာနှင့်အနီးနားဝန်းကျင်တွင်သာ စိုက်ပျိုးရေးလုပ်ကိုင် နေကြရကြောင်းသိရသည်။​

ယခုလက်ရှိ သျှမ်း-ကယားနယ်စပ်နှင့် နန်းနိမ့်ကျေးရွာ၊ ဆောင်းပြောင်းကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် PNO တပ်တို့ အင်အားအလုံးအရင်း ဖြည့်တင်းလာနေမှုကြောင့် စစ်ရေးတင်းမာမှုများ ရှိနေကြောင်း နန်းနိမ့်ကျေးရွာ ဒေသခံများကပြောသည်။​

“လောလောဆယ်တော့ ဒီဘက်မှာ အင်အားဖြည့်တင်းမှုတွေ လုပ်နေတယ်၊ စစ်ရေးကတော့ နှစ်ဖက်တင်းမာတဲ့ အနေထားရှိတယ်၊ စစ်ပွဲကတော့ မဖြစ်ရင်ကောင်းတာပေါ့ ပြည်သူတွေပဲ နစ်နာရတယ်၊စစ်တပ်ဂိတ်နဲ့ ဂိတ်ကတော့ လမ်းတောက်လျှောက်ရှိတယ်၊ အစစ်ဆေးကလည်း တင်းကြပ်နေတယ် အသွားလာလည်း ဂရုစိုက်ရတယ်။”ဟု နန်းနိမ့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နှင့် နန်းနိမ့်ကျေးရွာကို ဆိုင်ကယ်ဖြင့် တစ်နာရီနီးပါး သွားလာရပြီး လမ်းတလျှောက်တွင်လည်း စစ်တပ်ဂိတ်နှင့် PNO ဂိတ် ဆယ်ဂိတ်နီးပါ ဖြတ်သန်းရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စပြီး PNO က ဒေသခံများကို နေရပ်မပြန်လာလျှင် နေအိမ်ချိတ်ပိတ်မည်ဟု  ဖိအားပေးမှုကြောင့် နန်းနိမ့် ဒေသခံများ နေရပ်သို့ ပြန်လာကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့က အင်အား (၃၀၀)ကျော် ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် စစ်ရေးအခြေနေ တင်းမာလျှက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...

ပင်လောင်းမြို့နယ် အတွင်း စစ်ရေး ပြန်ပြင်းထန်လာနိုင်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။ ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ခုနစ် နှစ်ဉီးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊...