ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက် ဆောင်းပြောင်းကျေးရွာအနီး သျှမ်း-ကယားနယ်စပ်ဘက်တွင် လက်နက်ကြီးသံများ ဆက်တိုက် ကြားနေရကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ထိုသို့လက်နက်ကြီး သံများကြားလာရသောကြောင့် ဆောင်းပြောင်းကျေးရွာဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“နေ့ခင်းဘက်ရော ညဘက်ရော လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်။ တချို့အသံဆို ကျယ်လွန်းလို့ မြေကြီးပါတုန်တယ်။ ဒီလိုမိုးတွင်းစိုက်ချိန်ပျိုးချိန်ဆို စစ်ပွဲတွေ ဖြစ်တက်တယ်။ ဒီနှစ်တော့ ထပ်မဖြစ်ပါစေနဲ့ဆုတောင်းတယ်။ ထပ်ဖြစ်ရင် ပြေးစရာလည်းနေရာမရှိသလို စားစရာလည်းမရှိတော့ဘူး။”ဟု ဆောင်းပြောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဆောင်းပြောင်းကျေးရွာဘက်တွင် လာရောက်တပ်စွဲထားသော စစ်ကော်မရှင်တပ်နှင့် PNO တပ်သားများအတွက် ဒေသခံများက ထမင်းဟင်းများ အလှည့်ကျ ချက်ပို့နေရကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး သျှမ်း-ကယားနယ်စပ်ဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် မပေါ့ဆရန်နှင့် သတင်းအခြေအနေများကို အမြဲနားစွင့်ထားကြရန် စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် ဆောင်းပြောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်ကတော့ ဘယ်ဘက်ကမှ မဟုတ်ဘူး၊ ဒီခေတ်မှာ ဘယ်ဘက်ကပါဆိုပြီး တစ်ဘက်သတ်ယိမ်းလို့မရဘူး၊ အခြေအနေနဲ့ အချိန်ခါကြည့် နေရတယ်၊ ကျနော်တို့ ပြည်သူတွေရဲ့လုံခြုံရေးက ကျနော်တို့လက်ထဲမှာပဲ။ အချင်းချင်းပြန်လည် စောင့်ရှောက်ရမယ်။ ဘယ်လက်နက်ကိုင်မှ မကာကွယ်ပေးဘူး၊အခုလည်း တပ်အင်အားတွေ ဖြည့်ထားတယ် တိုက်ပွဲပုင်းထန်ဖို့ အလားလာရှိတယ် မပေါ့ဆနဲ့ သတင်းတွေ အမြဲနားစွင့်ထားဖို့ မှာချင်တယ်။”ဟု အဆိုပါ အမျိုးသားက အကြံပြုပြောထားသည်။

လက်ရှိ စစ်ကော်မရှင်တပ်က ဆောင်းပြောင်းကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ဆေးရေးဂိတ်များချထားပြီး ဒေသခံများကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ဒေသခံများကို စစ်ဆေးမှုများတင်းကျပ်ထားကကြောင်းသိရသည်။

ထို့အပြင် ညနေ ၇နာရီနောက်ပိုင်း အပြင်မထွက်ရန်နှင့် တောင်ယာမှ စောစောပြန်ရန်လည်း သတိပေးထားပြီး ညဘက်၌ စစ်ကော်မရှင်တပ်နှင့် PNO တပ်သားများ အလှည့်ကျကင်းစောင့်နေကြေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ‌ဇန်နဝါရီလ အတွင်း ဆောင်းပြောင်း ကျေးရွာတွင် စစ်ကော်မရှင်တပ်၊PNOတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဆောင်းပြောင်းကျေးရွာဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုတိုက်ပွဲကြောင့် ပျက်စီးသွားသော နေအိမ်နှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ ကိုယခုအချိန်ထိ ၆၀ရာခိုင်နှုန်းခန့်သာ ပြန်လည် ပြုပြင်နိုင်သေးကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...