ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။

လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင် စသည့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များတွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ကားပေါ်မှ ချခိုင်းပြီး စစ်ဆေးခြင်း၊ ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် ဖြတ်သန်းခွင့်မပြုခြင်းများ ရှိနေကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရက် ၁၀၀ စီမံချက်က ပြီးသွားလည်း ကုန်ပစ္စည်းတင်ပို့တာကလည်း အရင်လိုပါပဲ။ ပြောင်းလဲတာမရှိဘူး၊ ကြပ်တည်းနေဆဲပါ။ ရက် ၁၀၀ ပြီးရင် ပြန်ပြီးအဆင်ပြေလာနိုင်မယ်ထင်ခဲ့တာ။ လဲချားမြို့နယ်က စစ်ဆေးရေးဂိတ်တွေမှာလည်း တရုတ်ကုန်ပစ္စည်းတွေဆိုရင် ပေးမသွားတာ၊ ပစ္စည်းသိမ်းထားတာရှိတုန်း။ထိုင်းနဲ့ တရုတ်ကုန်ပစ္စည်းတွေကို တင်ဖို့ကလည်း ခက်နေတုန်းပါပဲ” ဟု အသက် ၄၀ ဝန်းကျင် ကားသမား တစ်ဦးကပြောသည်။

ပြီးခဲ့သည့် သြဂုတ် ဒုတိယပတ်တွင်လည်း တောင်ကြီးမြို့ ၄ မိုင် စစ်ဆေးရေးဂိတ်တွင် ယခင်ထပ်ပို၍ စစ်ဆေးမှုများ တင်းကျပ်ခဲ့ပြီး ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကားများထံမှ ကုန်ပစ္စည်းများ သိမ်းဆည်းသည့်အပြင် အလားတူပစ္စည်းများ ထပ်မံမတင်ဆောင်လာရန် ခံဝန်လက်မှတ် ထိုးခိုင်းခြင်းများ ရှိကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ သုံးရက်လောက်က တောင်ကြီး ၄ မိုင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတွေ အရင်ရက်တွေထပ် ဆိုးနေတာ။ သွားတိုက်ဆေးတောင် တင်လို့မရတဲ့ အခြေအနေပဲ။ ထိုင်းက ပစ္စည်းတင်လို့ သူတို့က ပစ္စည်းသိမ်းသလို နောက်ထပ် ဒီလိုပစ္စည်း မတင်ဘူးဆိုတာလည်း ခံဝန်လက်မှတ်တွေလည်း ထိုးရတယ်။” ဟု ၎င်းက ပြောသည်။

ထို့အပြင် အချို့ကုန်ပစ္စည်းများကို ညှိနှိုင်းပြီး ဖြတ်သန်းခွင့်ရသော်လည်း အချို့ကုန်ပစ္စည်းများကိုမူ လုံးဝဖြတ်သန်းခွင့်မပြုဘဲ သိမ်းဆည်းထားခြင်းများ ရှိနေကြောင်း ကားသမားများထံမှ သိရသည်။

“တချို့ကုန်တွေကလည်း ကားမားတွေက ပိုက်ဆံနဲ့ ညှိယူရတယ်။ တင်လာတဲ့ ပစ္စည်းပေါ်မူတည်တယ်။ တချို့ကလည်း ပါလာတဲ့ကုန်တွေကို လုံးဝပေး မဖြတ်တာရှိတယ်။အခုထိ ဒီသျှမ်းပြည်ရှေ့ပိုင်းကနေ တောင်ပိုင်းပို့တာဆိုရင်လည်း ခက်ခဲနေတုန်းပါ” ဟု အသက် ၅၀ ဝန်းကျင် ကုန်သည်အမျိုးသမီး တစ်ဦးက ဆက်ပြောသည်။

ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးပြီးနောက် (ဩဂုတ်လ ၁၃ ရက်)တွင် မိုင်းပွန်စစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်စည်များ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကား ၁၁ စီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ထို့နောက် (ဩဂုတ်လ ၁၄ ရက်)တွင် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာအနီး၌ သျှမ်းပြည်မြောက်ပိုင်းမှ တင်ဆောင်လာသည့် တရုတ်နိုင်ငံထုတ် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်သည့် မော်တော်ယာဉ် ၃ စီးကို ဖမ်းဆီးခဲ့သည်။

(ဩဂုတ်လ ၁၆ ရက်)တွင်လည်း ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ကမ္ဘာလုံးစေတီဘုရား သွားသည့် လမ်းအနီး၌ တရုတ်နိုင်ငံထုတ် တရားမဝင်ကုန်စည်များ သယ်ဆောင်လာသည့် ယာဉ်မောင်း နှင့် မော်တော်ယာဉ်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်၏ ၁၀၀ စီမံချက်သည် ဧပြီလမှ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကာလအတွင်း နိုင်ငံခြားကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးခဲ့သော်လည်း စီမံချက်ကာလပြီးဆုံးပြီးနောက်တွင်လည်း ကုန်စည်သယ်ယူပို့ဆောင်ရာ၌ အခက်အခဲများနှင့် စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေကြောင်း ကားသမားများထံမှ သိရသည်။

စစ်ကော်မရှင်၏ ရက် ၁၀၀ စီမံကိန်းကြောင့် ပို့ကုန်၊သွင်းကုန် စစ်ဆေးမှုများ တင်းကြပ်လာသဖြင့် တရုတ် နှင့် ထိုင်းကုန်စည်များ တင်ဆောင်သည့် ကုန်တင်ကားအချို့ ရပ်နားထားကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...