တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စျေးသည်များက မကျေနပ်သဖြင့် စည်ပင်ဝန်ထမ်းများနှင့် အချေတင် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စည်ပင်က ဈေးသိမ်းချိန်မှာ မသိမ်းလို့ ဘာညာနဲ့ ဝင်ရိုက်တာ၊ ဈေးသည်ပိုင်တဲ့ ပစ္စည်းကို အကုန်သိမ်းပြီး ကားပေါ်တင်တာ၊ စျေးက ပုံမှန် ၁၁ ကျော် ၁၂ နာရီလောက်မှ သိမ်းတာ အဲ့ဒါကို ၁၁ နာရီလောက်ကတည်းက လာပြီး စည်ပင်ဝန်ထမ်းတွေက စျေးသည်ကို ရိုက်နှက်ပြီး သိမ်းကုန်တာ၊ စည်ပင်လား လူဆိုးဂိုဏ်းအဖွဲ့လားတောင် မသဲကွဲဘူး။”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထိုသို့ စည်ပင်ဝန်ထမ်းများမှ ပစ္စည်းများ သိမ်းဆည်းကာ ဈေးသည်များကို ရိုက်နှက်ခဲ့မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရုံးများတွင် ဖြေရှင်းခဲ့သည်။

စည်ပင်ဝန်ထမ်းများအနေဖြင့် လမ်းဘေးစျေးသည်များကို နိုင်ထက်စီးနင်း လုပ်ပိုင်ခွင့်မရှိသကဲ့သို့ ရိုက်နှက်ခွင့်လည်း မရှိကြောင်း၊ လမ်းဘေးစျေးရောင်းရန်အတွက် စည်ပင်ကို အခွန်ဆောင်ထားရကြောင်း လမ်းဘေးစျေးရောင်းသည့် အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျမတို့ လမ်းဘေးစျေးရောင်ကြပေမယ့် အခွန်ဆောင်ရတယ်။ ရောင်းချင်တိုင်းရောင်းချလို့မရသလို စည်ပင်ကလည်းရိုက်ချင်သလိုရိုက် မောင်းထုတ်ချင်သလို မောင်းထုတ်လို့မရဘူး။ စည်ပင်ဥပဒေညှိရင် ကျမတို့ ဒဏ်ကြေးဆောင်ရတယ်။ အခုလို ကိုယ်ထိလက်ရောက် ရိုက်ခွင့်မရှိဘူး” ဟု တောင်ကြီး လမ်းဘေးစျေးရောင်းချသည့် အမျိုးသမီးက ဆိုသည်။

တောင်ကြီး

လက်ရှိ စည်ပင်အောက်ခြေများသည် လမ်းဘေးစျေးသည်များထံ ငွေကြေး အဆမတန်ကောက်ယူမှု၊ အကြောင်းမရှိ အကြောင်းရှာပြီး ငွေတောင်းမှု၊ စျေးသည်များ အချေအတင်ပြန်ပြောဆိုသည့်အခါတွင်လည်း ရိုက်နှက်ကာ စျေးသည်ပစ္စည်းများကို သိမ်းယူမှုများလည်း ပြုလုပ်လာကြောင်း ၎င်းကပြောသည်။

“ အခုစည်ပင်က ပိုက်ဆံလိုချင်လို့ လမ်းဘေးစျေးသည်တွေရဲ့ သိမ်းတာလားတောင် တွေးမိတယ်။ ကျမရဲ့ စျေးဗန်းတွေ ကုန်စိမ်းတွေ ခဏခဏသိမ်းသွားတယ်။ ပိုက်ဆံနဲ့ပြန်ရွေးရတယ်။ တခါရွေးရင် တသောင်းကျပ်၊ သုံးသောင်းကျပ်နဲ့ရွေးရတယ်” ဟု ၎င်းစျေးသည်ကထပ်လောင်းပြောသည်။

တောင်ကြီးမြို့မစျေးအနီးရှိ လမ်းဘေးစျေးသည်အများစုသည် ငွေတိုးချေးကာ ဝမ်းရေးရှာဖွေစားသောက်ရပြီး၊ ကုန်စိမ်းရောင်းရသည့် ငွေများဖြင့် ပြန်ဆပ်ရကြောင်း၊ စည်ပင်များ၏ ဖမ်းဆီးမှု နှင့် စျေးရောင်းခွင့်မပြုမှုကြောင့် ကုန်စိမ်းများပုတ်သိုးမှုများလည်းကြုံတွေ့နေရကာ အကြွေးများပိနေကြောင်း လမ်းဘေးစျေးသည်များ ပြောပြချက်အရသိရသည်။

ယမန်နေ့က စည်ပင်ဝန်ထမ်းများနှင့် ဈေးသည်များ အချေအတင် စကားများပြီး စည်ပင် ပစ္စည်းများ သိမ်းဆည်း ကားပေါ်တင်နေသည့် ဗွီဒီယိုကို လိုင်းပေါ်တင်ခဲ့သော်လည်း စည်ပင်များက ပြန်ဖြုတ်ခိုင်းသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...