တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​

“လျှပ်စစ်မီးယူမယ်ဆို သိန်း (၃၀)ကုန်မယ်လို့ ပြောတယ်။ သူတို့ ဒေသခံ တွေယူရင်တော့ ဆယ်သိန်းလောက်ပဲ ကုန်တာ။ ကျမတို့က မီးမယူနိုင်ဘူး ဆိုလာနဲ့ပဲ သုံးနေရတာ။ ဆိုလာအားမရှိရင်တော့ ဖယောင်တိုင်မီးကို အားကိုးနေရတာ” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ေပြာသည်။

ထို့အပြင် စစ်ရှောင်များသည် အလုပ်ကိုင် အခွင့်အလမ်း ရှားပါးသောကြောင့် ကြုံရာ အလုပ်များ လုပ်ကိုင်နေရပြီး ကျပ်သိန်း (၃၀)သည် ၎င်းတို့ စစ်ရှောင်များအတွက် နှစ်ဝက်စာ စားသောက်စရိတ်နှင့် ညီမျှနေကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

တောင်ကြီးမြို့ပေါ်နှင့် ၎င်းအနီးဝန်းကျင်ရောက်ရှိလာသော စစ်ဘေးရှောင်များသည် ဧည့်စာရင်းများကို တစ်လ လျှင်တစ်ကြိမ်တိုင်နေရကြောင်းနှင့် တကြိမ်တိုင်လျှင် ကျပ်ငွေ သုံးသောင်း အထိပေးနေရကြောင်း စစ်ရှောင်အမျိုးသားက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ရှောင်တွေနေတဲ့ နေရာဆို သူတို့က သီးသန့်ထားတာ ကိုယ်နေတဲ့ ရပ်ကွက်၊ကျေးရွာမှာဆို စစ်ရှောင်ကိုဆို ခွဲခြားလိုက်သေးတယ်၊ ရပ်ကွက်ရုံးတို့ အုပ်ချုပ်ရေးမှုတွေဆို ဧည့်စာရင်းကို တစ်လတစ်ခါ တိုင်ရမယ်ပြောထားတယ် တစ်ခါသွားတိုင်ရင် ကျပ် သုံးသောင်းပေးရတယ်၊ တစ်ခါတလေဆို စစ်မှုထမ်းကြေးလည်း လာကောက်တယ်။”ဟု ၎င်းအမျိုးသးကဆိုသည်။

စစ်ဘေးရှောင်များကို ရပ်ကွက်အချို့ မြို့ခံများက ခွဲခြားမှုများ ၊လုပ်အားခ ခေါင်းပုံဖြတ်မှုများ ကြောင့် သည်းခံ နေရကြောင်းနှင့် ၎င်းတို့၏ ဇာတိနယ်မြေဖြစ်သည့် ကရင်နီပြည်ကို မပြန်ရသည်မှာ (၄)နှစ်ရှိပြီ ဖြစ်ကြောင်း ၎င်းအမျိုးသးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ကရင်နီပြည်မှ စစ်ရှောင်များ ထောင်ချီ ထွက်ပြေးခဲ့ရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စစ်ကောမရှင်တပ်က ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ စစ်ရှောင်များကို နေရပ်ပြန်လာရန် အတင်းဖိအားပေးမှုကြောင့် စစ်ရှောင် အချို့ နေရပ်ပြန်ခဲ့ရသည်။

ယခုလက်ရှိ တောင်ကြီးမြို့နယ်တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်များကို စစ်ကော်မရှင်တပ်က နေရပ်ပြန်လာရန် ဖိအားပေးနေပြီး မပြန်လာလျှင် အိမ်ခြံ မြေများသိမ်းဆည်းမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...