သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။

“ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀) တန်တဲ့ ဝက်ဆို အခုချိန်ဆို သိန်း (၂၀) တောင် ပြန်ရမှာ မဟုတ်ဘူး၊ ဝက်သားဈေးက အရင်က တစ်ပိဿကို ကျပ် သုံးသောင်း ကျော်အထိ ရှိတယ်၊ အခုတော့ နှစ်သောင်းတောင် ဝယ်စားတဲ့သူနည်းတယ်၊ ဝက်‌ရောင်းလည်း အရင်းတောင် ပြန်မရဘူး။”ဟု ဝက်မွေးမြူရေး လုပ်ကိုင်သူ ဦးစံလုံးက ပြောသည်။

ထို့အပြင် ဝက်သေများမှ အသားထုတ်ရောင်းသူများလည်း ရှိသောကြောင့် ရောဂါကူးစက်မည်ကို စိုးရိမ်၍ ဝယ်စားသူများ နည်းပါးလာကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ဝက်သားပေါက်များကို ရောင်းဝယ်ရာတွင်လည်း ယခင်က ဝက်တစ်ကောင်လျှင် ကျပ် သုံးသိန်း ခွဲအထိ ဈေးရှိခဲ့သော်လည်း ယခုဇူလိုင်လတွင် ဝက်ကလေး တစ်ကောင်ကို ကျပ်(၁၈၀၀၀၀) သာရှိ၍ ဝယ်မွေးတဲ့သူပင် နည်းလာကြောင်း သိရသည်။

“ဝက်သားပေါက်တောင် ဝယ်မွေးသူသိပ်မရှိဘူး၊ သားပေါက်ထားတဲ့ ဝက်တွေကို ဈေးလျော့ရောင်းတာတောင် ဝယ်သူမရှိလို့ အိမ်မှာ ဝက်ငါးကောင် ဒီတိုင်းကျွေးမွေးထားရတယ်၊ ဝက်သေပြီဆိုရင် မမြှုပ်ဘဲ ဖော်စားကြတော့ ရောဂါကူးပြီး ဝမ်းလျှောတာတို့ ဖြစ်ကြတယ်၊ လူတွေက ဝက်သားဆို နဲနဲ ရွံလာလို့ မစားကြတော့တာ၊ ဝက်မွေးတဲ့သူတွေတော့ ဒီနှစ် ဒုက္ခအရောက်ဆုံးပဲ။”ဟု ညောင်ရွှေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဝက်များသေဆုံးရာတွင် အရေခွံများ ကျွတ်၍ သေဆုံးကုန်ကြောင်းနှင့် ဝက်ကိုယ်ပေါ်တွင် အဖုထစ်များ ဖြစ်၍ သေဆုံးကုန်သောကြောင့် ဝက်နာ အသားများကို မစားသုံးသင့်ကြောင်း သူနာပြု ဆရာမ တစ်ဦးက ပြောသည်။

“ဝက်နာသားတွေကို မစားတာ အကောင်းဆုံး၊ လူတွေမှာလည်း ရောဂါကူးပြီး သေဆုံးသည်အထိ ဖြစ်စေတတ်တယ် ၊အသားတွေဆို တွေ့ရာ မဝယ်စားသင့်ဘူး၊ အစိမ်းလည်း မစားသင့်ဘူး ကျက်အောင်ချက်ပြီးမှ စားရင် စိတ်ချရတယ်။”ဟု အဆိုပါ သူနာပြုဆရာမ တစ်ဦးက ပြောသည်။

ယခုလက်ရှိ သျှမ်းတောင်တွင် မိုးတွင်းကာလဖြစ်၍ မိုးများသောကြောင့် ဝက်များသာမက ကြက်များလည်း အနာရောဂါဖြင့် သေဆုံးမှုများလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။

ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့် ဒေသခံများကို ရောဂါကူးစက်မည်ကို စိုးရိမ်ကြပြီး ဝက်သေများကို အမြန်ဖယ်ရှားရန် လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...