ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို မှတ်ပုံတင်ထားခြင်း မရှိလျှင် အရေးယူဖြစ်ကြောင်းနှင့် နိုင်ငံရေးနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်လျှင် အရေးယူမည်ဟု ဖော်ပြထားသည်။

အဆိုပါ ဥပဒေကို ညောင်ရွှေမြို့နယ်တွင် လက်တွေကျင့်သုံးကာ ဖိအားပေး ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့ အလုပ်များ ရပ်ဆိုင်းထားရကြောင်း ညောင်ရွှေမြို့နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွင် လုပ်ကိုင်နေသည့် အမျိုးသားတဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ညောင်ရွှေ အင်းလေးဘက်မှာ အခု CSO လုပ်နေတဲ့သူတွေကို လိုက်ဖမ်းတာ။ အင်းလေးရွာဘက်တွေမှာ စစ်ကြောင်းနဲ့ ဝင်စစ်ပြီး ဖမ်းတာတို့ လုပ်တယ်၊ ညောင်ရွှေက ဟိုတယ်မှာဆို အထဲထိ ဝင်ဆွဲဖမ်းတယ်၊ ကျနော်ရဲ့ အသိ တစ်ယောက်လည်း အဖမ်းခံရတယ်။”ဟု ၎င်းကဆိုသည်။

ထိုသို့ စစ်တပ်မှ ဖမ်းဆီးမှုများ လုပ်ဆောင်လာသောကြောင့် အရပ်ဘက် အဖွဲ့အစည်းများက အလုပ်များ ရပ်ဆိုင်းထားကြပြီး အင်းလေး သွားလမ်းတွင်လည်း စစ်တပ်မှ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်တပ်ဘက်မှ ညောင်ရွှေမြို့ပေါ်တွင် လာရောက်နေထိုင်သူများကိုပါ ညဘက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်လာသောကြောင့် ခရီးသွားလာသူ နည်းပါးလာကြောင်း ညောင်ရွှေ ဒေသခံများက ပြောသည်။

အရပ်ဘက် အဖွဲ့အစည်းများဖြစ်သည့် CSO အဖွဲ့အစည်းများကို ဖိအားပေး တင်းကျပ်လာသောကြောင့် အင်းလေးဒေသ အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း လုပ်ဆောင်နေမှုများ ရပ်ဆိုင်းသွားနိုင်သောကြောင့် ဒေသခံများအတွက် အဆင်မပြေ ခက်ခဲမှုများနှင့် ကြုံလာရမည်ကို စိုးရိမ်နေကြကြောင်း အင်းလေး ဒေသခံ အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီလို အဖွဲ့အစည်းတွေလာပြီး လုပ်ဆောင်ပေးနေသေးလို့ အင်းလေးဒေသက ချောင်လည်နေတာ၊ ဒီအဖွဲ့အစည်းတွေက အင်းလေးဒေသအတွက် တစိတ်တဒေသ အထောက်ကူပြုတယ်၊ ဒီအဖွဲ့အစည်းသာ မရှိရင် အင်းလေးက အရင်လိုခက်ခဲလာမှာ ရေကြီးမှုတွေဖြစ်ခဲ့ရင်တောင် လက်နက်ကိုင်တွေက ကူညီတာမဟုတ်ဘူး။” ၎င်းအမျိုးသမီးက ပြောသည်။

ယခုလက်ရှိ ညောင်ရွှေမြို့နယ်တွင် စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO) တို့ ပူးပေါင်း၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်နေပြီး အင်းလေးဒေသတွင်လည်း အင်အားသုံးစစ်ကြောင်း ထိုးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...