တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။

ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာမှာနေတဲ့လူတွေအတွက်တော့ အဖမ်းအဆီးများရင် သွားလာဖို့ ခက်ခဲတာပေါ့။အခါကြီးရက်ကြီးဆို မြို့ပေါ်တက်ပြီး ဈေးဝယ်တာ၊ ပစ္စည်းလာယူတာတွေ ရှိတယ်။တချို့ကလည်း ဆေးရုံရက်ချိန်းတို့ ၊ ဆေးခန်းတို့လာကြတာရှိတယ်လေ။ဖမ်းတာကလည်း လူသွားလာများတဲ့ရက်တွေဆိုတော့ တကယ်သွားဖို့ လိုတဲ့ လူတွေအတွက် အဆင်မပြေဘူး”ဟု ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ကျေးရွာများတွင် နေထိုင်သည့် ဒေသခံအများစုသည် တောင်ယာလုပ်ငန်းမှ ရရှိသည့် ဝင်ငွေဖြင့် သွားလာရေး အဆင်ပြေစေရန် လိုင်စင်မဲ့ယာဉ်များ ဝယ်ယူအသုံးပြုထားသူများ ရှိသော်လည်း ဖမ်းဆီးမှုများကြောင့် ယာဉ်သိမ်းဆည်းခံရခြင်း နှင့် ဒဏ်ငွေပေးဆောင်ရခြင်းများ ကြုံတွေ့ရမည်ကို စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“တချို့က တောင်ယာလုပ်ပြီး ရတဲ့ပိုက်ဆံလေးနဲ့ အသွားအလာအဆင်ပြေအောင် စုပြီးဝယ်ထားတာ။ ဖမ်းဆီးကြမ်းရင် ဖမ်းထဲကနေ မထုတ်ကြတော့ဘူး သိမ်းထားကြတယ်။တချို့ရွာကလူတွေဆိုတော့ သိတဲ့အတိုင်းပဲလေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သေချာမသိတာတွေလည်း ရှိတာကတော့ ရှိတာပေါ့”ဟု ဟိုပုံးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

လိုင်စင်မဲ့ယာဉ် ရောင်းချသူများကို သက်ဆိုင်ရာ ရဲအဖွဲ့အစည်းများက အရေးယူမှုများ ရှိနေသော်လည်း နောက်ဆုံးတွင် ထိခိုက်မှု အများဆုံးမှာ ပြည်သူ၊ ကျေးရွာဒေသခံများသာ ဖြစ်နေကြောင်း တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ထပ်မံထောက်ပြသည်။

“ရောင်းတဲ့လူလည်း ဖမ်းနေတာပဲ၊ ဖမ်းတဲ့လူကလည်း စီးနေတာပဲ။ တကယ်တော့ ရွာကလူတွေက ပိုခံရတာ။ဝယ်တုန်းကလည်း ငွေကုန်တယ်။ဝယ်ပြီးစီးတော့လည်း ရဲကို ဒဏ်ငွေပေးရတာတွေ ရှိတယ်။ အခုဆို သွားရင်လည်း သတိနဲ့သွား၊ လာရင်လည်း သတိနဲ့လာနေရတယ်။ ဖမ်းခံရရင် ကားသိမ်းတာ၊ မသိမ်းရင်လည်း ဒဏ်ငွေရိုက်တာတွေကို ကြောက်နေရတယ်” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လိုင်စင်မဲ့ယာဉ်များ နှင့် ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို နားလည်သော်လည်း နေ့စဉ် အသက်မွေးဝမ်းကျောင်း နှင့် မဖြစ်မနေသွားလာရသည့် ကျေးရွာဒေသခံများ၏ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားပေးစေလိုကြောင်း ၎င်းက ပြောသည်။

ပြီးခ့သည့် ဇွန်လ ၉ ရက် သျှမ်းပြည် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် သျှမ်းပြည်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်များကို တရားဝင် မှတ်ပုံတင်ဆောင်ရွက်ပေးရန် မဖြစ်နိုင်ကြောင်း သျှမ်းပြည်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောကြားထားသည်။

ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့် တင်သွင်းလာသည့် ယာဉ်များကိုသာ မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ပြီး တရားမဝင်ဝင်ရောက်လာသည့် လိုင်စင်မဲ့ယာဉ်များကို မှတ်ပုံတင်ပေး၍ မရကြောင်း ၎င်းက ရှင်းလင်းဖြေကြားခဲ့သည်။

ထို့ပြင် တရားမဝင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ရန် ၂၀၂၃ ခုနှစ်မှ စတင်၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးခြင်းကို ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...