တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေကြောင်း တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက အပြင်မှာလည်း သောက်လို့မရဘူး။ အိမ်မှာပဲ ခိုးသောက်ရတယ်။ ဝယ်တဲ့သူ ဖမ်းမိရင်လည်း ဖမ်းတယ်၊ ရောင်းတဲ့သူလည်း ဖမ်းတယ်။ အခုဆို အသိလူတွေကိုပဲ ရောင်းတာများတယ်။ အရင်ဖွင့်ရောင်းတဲ့ဆိုင်တချို့ကတော့ ဆိုင်ထဲဝင်ပြီး မေးမှ ရောင်းပေးတယ်” ဟု တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးအရေးယူမှုများကြောင့် အီးစီးကရက်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာပြီး ယခင်က ကျပ် ၄ သောင်းခွဲခန့်ဖြင့် ဝယ်ယူနိုင်သည့် အမျိုးအစားများသည် လက်ရှိတွင် ကျပ် ၉ သောင်းခွဲ မှ ၁ သိန်း ဝန်းကျင်အထိ ပေးဝယ်နေရကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အီးစီးကရက် သုံးစွဲသူအချို့သည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အပြင်သွားလာချိန်တွင် အီးစီးကရက်ကို မသုံးစွဲတော့ဘဲ သာမန်ဆေးလိပ်ကိုသာ ပြန်လည်သောက်သုံးလာကြကြောင်း ၎င်းကဆက် ပြောသည်။

“စစ်လို့ ဖမ်းမိတာနဲ့ ထောင်ကျမယ်။ ပြီးရင်လည်း ငွေက သိန်းနဲ့ချီ တောင်းတာ။ အဲ့တော့ လူတွေက အပြင်မှာ Vape မသောက်တော့ဘဲ ဆေးလိပ်ပဲ ပြန်သောက်ကြတယ်။” ဟု တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် မြန်မာကျန်းမာရေးဝန်ကြီးဌာနက အမိန့်ချမှတ် ထုတ်ပြန်ပြီးနောက် အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားခဲ့သည်။

အဆိုပါ တားမြစ်မိန့်တွင် ပါဝင်သည့် ထုတ်ပြန်ထားသည့် အီးစီးကရက်နှင့် ဆက်စပ် ကုန်ပစ္စည်းများကို မည်သူမဆို ရောင်းဝယ် ဖြန့်ဖြူးခြင်း၊ သုံးစွဲခြင်း ပြုလုပ်လျှင် ကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေအရ ထောင်ဒဏ် ၆လ မှ ၃ နှစ် နှင့် ဒဏ်ငွေ ၅ သိန်းအထိ ချမှတ်နိုင်ကြောင်း စစ်ကော်မရှင်က သတိပေးထားသည်။

တောင်ကြီးမြို့နယ် အပါအဝင် အခြားသောမြို့နယ်များတွင်လည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် အီးစီးကရက်ကို ဆေးလိပ်ဖြတ်ရန် အထောက်အကူပြုသည့် ပစ္စည်းအဖြစ် ရည်ညွှန်းကာ ၂၀၁၈ ခုနှစ်မှစကာ လူကြီး ၊ လူငယ်ကြား စတင် သုံးစွဲမှုပျံ့နှံ့ လာခဲ့ပြီး၊ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် အမျိုးသမီးများပါ တွင်ကျယ်စွာသုံးစွဲလာကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...