တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသို့ Kpay ပြေစာအတုများ အသုံးပြုလာသူ များလာသည်နှင့် ဆိုင်ရှင်များအနေဖြင့် ငွေအဝင်သေချာ ကြည့်ပြီးမှသာ လက်ခံသင့်ကြောင်းနှင့် ပြေစာအတုအစစ်များကို သေချာစီစစ်သင့်ကြောင့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက အကြံပြုထားသည်။

“ညနေဘက်ဆို ဆိုင်က လူတအားရှုပ်တာ၊ အဲချိန်ဆို ငွေထုတ်တဲ့သူတွေလာတယ် လူကရှုပ်နေတော့ အမရေ လွှဲလိုက်ပြီနော်ဆိုပြီး ပြေစာပြတော့ ကိုယ်လည်း မစစ်မိလိုက်ဘူး၊ အဲ့ဒါနဲ့ ငွေသား ကျပ်သိန်း (၃၀) ထုတ်ပေးလိုက်တာ၊ လူရှင်းပြီး စာရင်းပြစစ်တော့ ငွေက မရောက်နေဘူး၊ အရမ်းပြယာခတ်သွားတာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး သင်ခန်းစာရတာပေါ့လေ။”ဟု ၎င်းကဆိုသည်။

အဆိုပါ Kpay ပြေစာအတုများကို AI နည်းပညာ အသုံးပြုပြီး လုပ်ယူ၍ ရကြောင်းနှင့် Kpay ကျားဖြန့်များ ပေါများလာသည့်အတွက် သေချာစီစစ်သင့်ကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်း အသိပေးထားသည်။

အလားတူ ပင်းတယမြို့တွင်လည်း Kpay ပြေစာအတုဖြင့် လိမ်လည် ငွေထုတ်ယူခံရသောကြောင့် ငွေကျပ် ဆယ်သိန်း လိမ်လည်ခံရကြောင်း သိရသည်။

“သူတို့က ငွေလွှဲကြောင်း ပြေစာပြတယ်၊ ကိုယ့်ဘက်က ငွေက မဝင်လာသေးဘူး ကိုယ့်ဘက်က လိုင်းမကောင်းလို့ပဲ ထင်တာ သူတို့ကလည်း အရမ်းကြာတယ်။ ဘာညာနဲ့ ရန်လုပ်လာတော့ ပြေစာလည်း ပြပြီးဆိုတော့ ငွေထုတ်ပေးလိုက်တာ။ အဲဒါနဲ့ သေချာ ပြန်စစ်ကြည့်တော့ ငွေကမရောက်လာဘူး။ ဆယ်သိန်းအလိမ်ခံရမှန်း သိသွားတာ။”ဟု ပင်းတယမြို့ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ပစ္စည်းများဝယ်ယူရာတွင်လည်း ငွေပေးချေမှု မှတ်တမ်း ပြေစာအတုများ ပြ၍ ပစ္စည်းများလည်း လိမ်လည်ခံရဖူးကြောင်း အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

Kpay ပြေစာအတုများသည် အစစ်နီးပါး တူအောင် ပြုလုပ်လာနေသောကြောင့် အထူးဂရုပြုသင့်ပြီး သက်ဆိုင်ရာ Kpay စင်တာများတွင်လည်း လေ့လာထားသင့်ကြောင်း ၎င်းအမျိုးသမီးက အကြံပြုထားသည်။

ယခုလက်ရှိ Kpay အက်ပလီကေးရှင်းမှာ အပြာရောင်နှင့် အနီရောင်ဟူ၍ နှစ်မျိုးရှိပြီး အပြာရောင် အက်ပလီကေးရှင်းမှာ မည်သူမဆို နေ့စဉ်အသုံးပြုလို့ရပြီး အနီရောင် အက်ပလီကေးရှင်းမှာ ငွေသွင်း ငွေထုတ်လုပ်သည့် ပွဲစားများသာ အသုံးပြုလို့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...