နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။

ခရမ်းချဉ်သီးများသည် ကြာရှည်သိုလှောင်မရသည့် အမျိုးအစားဖြစ်သည်အပြင် ဝယ်ယူမည့်သူများလည်း မရှိသည့်အတွက် လမ်းဘေးတွင် စွန့်ပစ်လိုက်ရသည့်အဆင့်ဖြစ်သွားသည်။

“ခရမ်းချဉ်သီးက အကြာကြီးထားလို့မရဘူး။ ပြန်ရောင်းတဲ့သူတွေလည်း ကားခနဲ့ ဆို အမြတ်မရဘူး။ လမ်းဘေးမှာ သွားပစ်ထားတာ။ အိမ်တွက်ကလည်း တပိဿဝယ်ရင် တပတ်လောက်စားရတတော့ အများကြီးလည်း မဝယ်ဘူး” ဟု ပင်လောင်းဒေသခံ စိုက်ပျိုးရေးလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလတွင် ခရမ်းချဉ်သီး တစ်ပိဿလျှင့် ငွေကျပ် သုံးထောင်ကျော်အထိ စျေးရခဲ့သည်။

ထို့ကြောင့် ခရမ်းချဉ်သီး စျေးကွက် ကောင်းမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် တောင်သူများသည် အကြွေးယူပြီး စိုက်ပျိုးခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ စျေးမရသည့်အတွက် အရင်း ကျပ်ငွေသိန်း ၅၀ မရတော့ကြောင်း အသက် ၄၀ အရွယ်ရှိ ရပ်စောက်မြို့နယ်မှ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ခရမ်းချဉ်သီးစျေးကောင်းရရင် ဒီနှစ်သားကို ရှင်ပြုပေးမလို့၊ အခုစျေးလည်းမရ အရင်းလည်း ရှုံးပြီ။ ဒီနှစ် ဘာလုပ်လုပ် မမြတ်ဘူး” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး စိုက်ပျိုးသီးနှံများတွင် အသုံးပြုသည့် ဓာတ်မြေသြဇာသည်လည်း တနှစ်ထက် တနှစ် စျေးနှုန်းတက်လာသည်။

“အချို့ အလုံးလှဖို့ ဓာတ်မြေသြဇာများများထည့်တဲ့သူဆိုရင်ပိုဆိုးတယ်။ အခု တောင်သူတွေက အရင်းရော အကြွေးပါလုံးပါးပါးကုန်ပြီ” ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းတွင် ကြက်သွန်ဖြူစျေးနှုန်းများလည်း ထိုးကျနေပြီး ကြက်သွန်ဖြူ အသေးစား တပိဿလျှင့် ၂၉၀၀ ကျပ် ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ပိဿလျှင် ကျပ်ငွေ ၈၀၀ သာကျန်ရှိကြောင်း အောင်ပန်း ကုန်စည်ရောင်းဝယ်ရေးဌာနတွင် စုံစမ်းသိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၄ခုနစ် သြဂုတ် ပထမတွင်လည်း ပင်လောင်းမြို့၊ ရပ်စောက်မြို့နှင့် ဟဲဟိုးဘက်တွင် ခရမ်းချဉ်သီးစိုက်ပျိုးသူများသည် တပိဿလျှင် ငွေကျပ် ၂၀၀မှ ငွေကျပ် ၃၀၀ ထိသာရရှိခဲ့ပြီး လမ်ဘေး စွန့်ပစ်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“လယ်ယာအရှုံး၊ အကြွေးဝန်ပိ”

0
“သီးနှံကဈေးမရ စားဖို့ကလည်းမရှိ၊ ပွဲစားနားက ယူရင်း ယူရင်းနဲ့ ခုဆို အကြွေးနဲ့ မြုပ်နေပြီ အကြွေးဆပ်ဖို့ပဲရုန်းကန်နေရတယ်။” သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းမှာ နေထိုင်တဲ့ မနှင်း တစ်ယောက် ကုန်စိမ်းသီးနှံများ အရှုံးပေါ်နေသည့်ကြားမှ ပွဲစားများကိုပါ အကြွေးတင်နေလို့  သောကဝေနေပါတယ်။ အသက် (၃၀)ဝန်းကျင်သာ ရှိသေးတဲ့ မနှင်းဟာ ကလေးနှစ်ယောက်နဲ့ နေထိုင်ပါတယ်၊ ရွာအတွင်း နှစ်တိုသီးနှံဖြစ်သည့်...

သျှမ်းတောင် ခရမ်းချဉ်သီး တစ်ပိဿ ကျပ် ၂၀၀ ထိ စျေးကျ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အောင်ပန်း၊ကလော ၊ပင်းတယ၊ရွာငံဘက်မှ ခရမ်းချဉ်သီးတစ်ပိဿ ကျပ် (၂၀၀)အထိ ဈေးကျကာ လမ်းဘေးလွှင့်ပစ်နေရသည့် အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ပထမ ပတ်မှစပြီး ခရမ်းချဉ်သီး တစ်ပိဿလျှင် ငွေကျပ် (၂၀၀)အထိ ကျဆင်းခဲ့ပြီး ဈေးများ မငြိမ်သည့်အပြင် ဝယ်သူလည်း မရှိသဖြင့် ခရမ်းချဉ်ပွဲစားနှင့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...