သျှမ်းတောင် ခရမ်းချဉ်သီး တစ်ပိဿ ကျပ် ၂၀၀ ထိ စျေးကျ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အောင်ပန်း၊ကလော ၊ပင်းတယ၊ရွာငံဘက်မှ ခရမ်းချဉ်သီးတစ်ပိဿ ကျပ် (၂၀၀)အထိ ဈေးကျကာ လမ်းဘေးလွှင့်ပစ်နေရသည့် အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ ပထမ ပတ်မှစပြီး ခရမ်းချဉ်သီး တစ်ပိဿလျှင် ငွေကျပ် (၂၀၀)အထိ ကျဆင်းခဲ့ပြီး ဈေးများ မငြိမ်သည့်အပြင် ဝယ်သူလည်း မရှိသဖြင့် ခရမ်းချဉ်ပွဲစားနှင့် တောင်သူများက လမ်းဘေး စွန့်ပစ်နေရကြောင်း ခရမ်းချဉ်သီး ရောင်းဝယ်သူများကပြောသည်။

ခရမ်းချဉ်သီးဈေးမတည်ငြိမ်မှုကြောင့် ခရမ်းချဉ်သီး ဝယ်၍သိုလှောင်ထားသည့် ပွဲစားများသည် အရှုံးပေါ်နေပြီး ခရမ်းချဉ်စိုက်တောင်သူ များမှာလည်း အရှုံးပေါ်နေကြောင်း ခရမ်းချဉ်သီး ရောင်းဝယ်သူ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

“ဝယ်ပြီး လှောင်တုန်းက တစ်ပိဿ တစ်ထောင်နဲ့ ပြန်ရောင်းတော့ ကျပ် (၂၀၀)တဲ့ မကျန်တော့ဘူး ဘာမှ မကျန်ဘူး၊ ခရမ်းချဉ်သီးက ပုတ်ကုန်တော့ သွန်ပစ်ရတယ်၊ကုန်စိမ်းဆိုတော့ အကြာမခံဘူးလေ၊ အခုတော့ တစ်ပိဿ ကျပ်(၅၀၀) တက်လာပြီ ဒါပေမဲ့ မငြိမ်ဘူး ပြန်ကျတယ်။”ဟု ၎င်းအမျိုးသားကပြောသည်.

လက်ရှိ သျှမ်းတောင်တွင် ခရမ်းချဉ်သီး ဈေးနှုန်းသည် ကျပ်(၂၀၀)အထိကျဆင်းနေပြီး အမြင့်ဆုံးဈေးနှုန်းသည် ကျပ်(၅၀၀)အထိသာ ရရှိသောကြောင့် တောင်သူများအရင်းနှီး ပြန်မရဘဲ အရှုံးပေါ်နေကြသည်။

ခရမ်းချဉ်သီး စိုက်ပျိုးလျှင် အရင်းနှီးများပြီး လူအင်အားပါ များစွာအသုံးပြုရသောကြောင့် ယခုလက်ရှိ ပေါက်ဈေးဖြင့် တွက်ခြေမကိုက်ကြောင်းနှင့် ရင်းနှီးထားသော မြေဩဇာ၊ အပင်ဆေးဖြန်းဖိုး၊ နေ့စားခ စသည့် ကုန်ကျစရိတ်များ သည် ပြန်မကာမိကြောင်း ခရမ်းချဉ်စိုက် တောင်သူတစ်ဦးလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခရမ်းချဉ်ခင်းထဲကို သိန်း (၈၀)ဖိုးလောက် ရင်းထားတာ၊ သိန်း(၃၀)တောင် ပြန်မရဘူး၊ တစ်ပိဿမှ နှစ်ရာတဲ့ ဒါတောင်ဝယ်သမားမရှိဘူး၊ ခရမ်းချဉ်သီးက အကြာထားမခံတော့ အမှိုက်ပုံထဲ အကုန်သွားသွန် ပစ်ရတယ်၊ ဒီနှစ်တောင်သူတွေ အရမ်းရှုံးတယ်။”ဟု ခရမ်းချဉ်စိုက် တောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ခရမ်းချဉ်သီးဈေးကျဆင်းရခြင်းသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ နှင့် လမ်းတလျောက်ရှိ စစ်ဆေးရေးဂိတ်တွင် ငွေအမြောက်အမြားပေးရခြင်းနှင့် ခရမ်းချဉ်သီးထွက်နှုန်းများခြင်းကြောင့် ဈေးကျဆင်းခြင်းဖြစ်ကြောင်း ၎င်းတောင်သူကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ – ၂၀၂၅ ခုနှစ်တွင် ခရမ်းချဉ်သီး တစ်ပိဿလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ဝန်းကျင် အထိ ဈေးရခဲ့သည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းတွင် စိုက်ပျိုးသည့် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် အာလူး စသည့် ရာသီပေါ် သီးနှံများလည်း တောင်သူများ နှစ်စဉ် အရှုံးခံကာ ရောင်းချနေရပြီး အချို့တောင်သူများသည် ကုန်စည်ပို့ဆောင်ခ ကုန်ကျမည်ကို စိုးရိမ်သဖြင့် လွှင့်ပစ်လိုက်ရသည့်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...

ပင်လောင်း ခရမ်းချဉ်သီး လမ်းဘေးစွန့်ပစ်ရသည့်အထိ စျေးကျနေ

0
သျှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်းလောင်းမြို့နယ် နောင်တရားဒေသဘက်တွင် ခရမ်းချဉ်ဈေးကွက်မရှိသဖြင့် အမှည့်လွန်ခရမ်းချဉ်သီးများကို လမ်းမပေါ်တွင် စွန့်ပစ်ထားရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်ဈေးနူန်းကျဆင်းလာကာ ခရမ်းချဉ်သီးတစ်ပိဿလျှင် (ကျပ်ငွေ ၂၀၀ မှ ၃၀၀ )အတွင်းသာ ရရှိသောကြောင့် ခရမ်းစိုက်ပျိုးသူများအရှုံးဖြင့် ရင်ဆိုင်နေရပြီး ရောင်းရန်မမီတော့သည့် ခရမ်းချဉ်သီးများကို လမ်းဘေးတွင်စွန့်ပစ်ထားရကြောင်းသိရသည်။ “...

ခရမ်းချဉ်သီးဈေးကျ၊ စိုက်ပျိုးသူများအရှုံးပေါ်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် အင်းလေးဒေသတွင် ခရမ်းချဉ်သီးဈေးကျ သဖြင့် စိုက်ပျိုးသူများ အရှုံးပေါ်နေသည်ဟု စုံစမ်းသိရသည်။ ဇူလိုင်လတုန်းက ခရမ်းချဉ်သီး ၁ပိဿာ (၂၀၀၀)ကျပ်နှင့် (၂၅၀၀) ကျပ်သာရှိပြီး ယခု (ဩဂုတ်လ)တွင် တစ်ပိဿာဈေးနှုန်း (၃၀၀) ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း အရှုံးများစွာပေါ်နေသည်ဟု ပင်လောင်းဒေသခံ ခရမ်းချဉ်သီးစိုက်ပျိုးသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ပင်လောင်းစစ်ရှောင်ပြည်သူများအတွက်ပါ...

ခရမ်းချဉ်သီးစျေးပြန်တက်မည်ဟု အင်းသားများမျှော်လင့်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းထွက် ခရမ်းချဉ်သီးသည် မေလ နှောင်းပိုင်းမှာ စျေးနှုန်း ပြန်တက်လာနိုင်ဖွယ် ရှိကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူတွေက ပြောဆိုကြသည်။ ဧပြီလတုန်းက ခရမ်းချဉ်သီး ၁ တင်း (၃၀ ပိဿာ)လျှင် ၃၀၀၀ မှ ၃၅၀၀ ကျပ်သာရှိပြီး စျေးနှုန်း အဆမတန် ကျဆင်းကာ မေလတွင်...