ပင်လောင်း ခရမ်းချဉ်သီး လမ်းဘေးစွန့်ပစ်ရသည့်အထိ စျေးကျနေ

သျှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်းလောင်းမြို့နယ် နောင်တရားဒေသဘက်တွင် ခရမ်းချဉ်ဈေးကွက်မရှိသဖြင့် အမှည့်လွန်ခရမ်းချဉ်သီးများကို လမ်းမပေါ်တွင် စွန့်ပစ်ထားရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်ဈေးနူန်းကျဆင်းလာကာ ခရမ်းချဉ်သီးတစ်ပိဿလျှင် (ကျပ်ငွေ ၂၀၀ မှ ၃၀၀ )အတွင်းသာ ရရှိသောကြောင့် ခရမ်းစိုက်ပျိုးသူများအရှုံးဖြင့် ရင်ဆိုင်နေရပြီး ရောင်းရန်မမီတော့သည့် ခရမ်းချဉ်သီးများကို လမ်းဘေးတွင်စွန့်ပစ်ထားရကြောင်းသိရသည်။

လွှင့်ပစ်လိုက်ရသည့် ခရမ်းချဉ်သီး

“ ဈေမရှိတာကတစ်ကြောင်း အပင်တွေ ရောဂါကျနေတာက တကြောင်း အသီးတွေ ဝါပြီး ပုတ်ကုန်တာကတစ်ကြောင်းနဲ့ ဆိုတော့ ခရမ်းချဉ်သီးတွေ သွန်ပစ်ကုန်တယ်။ မြေဩဇာဈေးတွေကလည်း နှစ်ဆလောက်တက်သွားတော့ ဝယ်မသုံးနိုင်တော့ဘူး။ ဒီတိုင်း ခရမ်းချဉ်တစ်ခင်းလုံးပစ်ထားလိုက်ရတယ်။”ဟု နောင်တရားဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုကဲ့သို့ ခရမ်းချဉ်ဈေးနူန်းကျဆင်းမှုသည် ဒေါ်လာဈေးနူန်းမြင့်တက်တာကြောင့် မြေဩဇာဈေးနူန်းများလည်း နှစ်ဆလောက်တက်သွားကာ ဝယ်မသုံးနိုင်တာကြောင့် ခရမ်းချဉ်ခင်းများကို စွန့်ပစ်ထားရပြီး အသီးများများကိုပါ စွန့်ပစ်နေရကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အကြွေးစနစ်ဖြင့် ပိုက်ဆံချေးငှား၍ စိုက်ပျိုုးရေးလုပ်ကိုင်လို့ရသော်လည်း အကြွေးပေးသည့်သူများမှာ ရင်းနှီးသည့် သူများကိုသာ ချေးငှားပေးတာကြောင့် စိုက်ပျိုးရေးတောင်သူများ ငွေကြေးဆိုင်ရာ အခက်ခဲနှင့်ရင်ဆိုင်နေရသည်။

“ ကုန်စိမ်းက မြတ်ရင်လည်း အများကြီးမြတ်တယ်။ ရှုံးရင်လည်းအများကြီးရှုံးတယ်။ အစောပိုင်းခရမ်းချဉ်ရောင်းတဲ့သူဆို့ ဈေးကောင်းရတယ်။ ခုရက်ပိုင်းရောင်းတဲ့သူကတော့ ရှုံးတာပေါ့လေ။ နောင်တရားအရှေ့ဘက်မှာ‌တော့ ဆေးတွေမဖြန်းနိုင်ကျလို့ တစ်ခင်းလုံး ပစ်ထားလိုက်ရတယ်။ အရင်းပြန်မရတော့ ဘယ်လိုပြန်စိုက်ရမလဲ တောင်မသိတော့ဘူး”ဟု ခရမ်းချဉ်စိုက်ပျိုးသည့် တောင်သူတစ်ဦး ပြောသည်။

ခရမ်းချဉ်သီးများမှာ ကုန်စိမ်းဖြစ်၍ အချိန်ကြာမြင့်စွာ သိုလှောင်လို့မရတာကြောင့် တောင်သူများ ရသည့်ဈေးနှင့်သာ အမြန်ရောင်းထုတ်နေရပြီး ယခုရက်ပိုင်းအတွင် ခရမ်းချဉ်ဈေးနှုန်း (ကျပ်ငွေ ၅၀၀ မှ ၆၀၀ )အထိ ပြန်လည် တက်လာကြောင်းသိရသည်။

အင်းလေးဒေသဘက်တွင် ခရမ်းချဉ်သီးစိမ်းတစ်ပိဿလျှင် ကျပ်ငွေ ၈၀၀ နှင့် အမှည့်လျှင်ကျပ်ငွေ ၉၀၀ အထိ ရှိလာကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“လယ်ယာအရှုံး၊ အကြွေးဝန်ပိ”

0
“သီးနှံကဈေးမရ စားဖို့ကလည်းမရှိ၊ ပွဲစားနားက ယူရင်း ယူရင်းနဲ့ ခုဆို အကြွေးနဲ့ မြုပ်နေပြီ အကြွေးဆပ်ဖို့ပဲရုန်းကန်နေရတယ်။” သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းမှာ နေထိုင်တဲ့ မနှင်း တစ်ယောက် ကုန်စိမ်းသီးနှံများ အရှုံးပေါ်နေသည့်ကြားမှ ပွဲစားများကိုပါ အကြွေးတင်နေလို့  သောကဝေနေပါတယ်။ အသက် (၃၀)ဝန်းကျင်သာ ရှိသေးတဲ့ မနှင်းဟာ ကလေးနှစ်ယောက်နဲ့ နေထိုင်ပါတယ်၊ ရွာအတွင်း နှစ်တိုသီးနှံဖြစ်သည့်...

သျှမ်းတောင် ခရမ်းချဉ်သီး တစ်ပိဿ ကျပ် ၂၀၀ ထိ စျေးကျ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အောင်ပန်း၊ကလော ၊ပင်းတယ၊ရွာငံဘက်မှ ခရမ်းချဉ်သီးတစ်ပိဿ ကျပ် (၂၀၀)အထိ ဈေးကျကာ လမ်းဘေးလွှင့်ပစ်နေရသည့် အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ပထမ ပတ်မှစပြီး ခရမ်းချဉ်သီး တစ်ပိဿလျှင် ငွေကျပ် (၂၀၀)အထိ ကျဆင်းခဲ့ပြီး ဈေးများ မငြိမ်သည့်အပြင် ဝယ်သူလည်း မရှိသဖြင့် ခရမ်းချဉ်ပွဲစားနှင့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...

ပင်လောင်းမြို့နယ်ထဲ စစ်ကော်မရှင်တပ်နှင့် PNO စစ်အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ တတိယပတ် အတွင်း ပင်လောင်းမြို့ဘက်မှ ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်ကားများဖြင့် စစ်အင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပင်လောင်းဒေသခံ...