ခရမ်းချဉ်သီးဈေးကျ၊ စိုက်ပျိုးသူများအရှုံးပေါ်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် အင်းလေးဒေသတွင် ခရမ်းချဉ်သီးဈေးကျ သဖြင့် စိုက်ပျိုးသူများ အရှုံးပေါ်နေသည်ဟု စုံစမ်းသိရသည်။

ဇူလိုင်လတုန်းက ခရမ်းချဉ်သီး ၁ပိဿာ (၂၀၀၀)ကျပ်နှင့် (၂၅၀၀) ကျပ်သာရှိပြီး ယခု (ဩဂုတ်လ)တွင် တစ်ပိဿာဈေးနှုန်း (၃၀၀) ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း အရှုံးများစွာပေါ်နေသည်ဟု ပင်လောင်းဒေသခံ ခရမ်းချဉ်သီးစိုက်ပျိုးသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လောင်းစစ်ရှောင်ပြည်သူများအတွက်ပါ သွားရောက်လှူဒါန်းပေးခြင်းရှိလည်းရှိသည်။

‘’ အရင်လလောက်မှ တစ်ပိဿာ (၂၀၀၀)ကျပ် နဲ့ (၂၅၀၀) ကျပ်တောင်ရောင်းရတယ်။ ဒီလ တစ်ပိဿာဈေး (၃၀၀) ကျပ်ပေးပြီးရောင်းရတယ် အရမ်းရှုံးတယ်။ အဲလောက်မှမပေးရင် ဝယ်နေကြဒိုင်တွေက မဝယ်တော့ဘဲ တစ်ခြားနေရာကို သွားဝယ်တယ် ‘’ ဟု ၎င်းကပြောသည်။

ခရမ်းချဥ်သီး စိုက်ခင်း

အင်းလေးဒေသတွင် ခရမ်းချဉ်သီးအများဆုံး စိုက်သည့် ကေလာကျေးရွာနှင့် ကျေးစားကျေးရွာတို့သည် ခရမ်းချဉ်သီး တစ်ပြိုင်တည်း စိုက်ကြပြီး တစ်ချိန်တည်းထွက်ကြရာ အထွက်များပြီး ဝယ်ယူသူနည်းသည့်အတွက် ဈေးနှုန်းကျဆင်းဖြစ်ကြောင်း အင်းလေးဒေသ ခရမ်းချဉ်သီး စိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

‘’ အင်းလေးဒေသထဲဆို အထွက်များပြီး ဝယ်လိုအားလည်းသိပ်မရှိဘူး။ စိုက်ပျိုးဖို့ ဓာတ်မြေဩဇာပါသုံးရတော့ အမြတ်မကျန် အရင်းတောင်ပြန်မရဘူး။ ဒီလဆို ၄၀၀ ကျပ်နဲ့ ၅၀၀ ကျပ်ဈေးနဲ့ရောင်းနေရတာပေါ့ ‘’ ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ကုန်ဈေးနူန်းတက်လာခြင်းသည် စက်သုံးဆီများပြတ်လပ်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအတွက်ပါ ခက်ခဲနေကြောင်း သျှမ်းပြည်လူထုက ပြောသည်။

ငွေဈေးမတည်ငြိမ်မှုများကြောင့် ဘတ်ငွေသာလျှင် ကိုင်ဆောင်ထားကြပြီး စက်သုံးဆီများလည်း ပြတ်လပ်နေတာကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြောင်း အဆိုပါ ဒေသခံတစ်ဦးကထပ်လောင်းပြောသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

“လယ်ယာအရှုံး၊ အကြွေးဝန်ပိ”

0
“သီးနှံကဈေးမရ စားဖို့ကလည်းမရှိ၊ ပွဲစားနားက ယူရင်း ယူရင်းနဲ့ ခုဆို အကြွေးနဲ့ မြုပ်နေပြီ အကြွေးဆပ်ဖို့ပဲရုန်းကန်နေရတယ်။” သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းမှာ နေထိုင်တဲ့ မနှင်း တစ်ယောက် ကုန်စိမ်းသီးနှံများ အရှုံးပေါ်နေသည့်ကြားမှ ပွဲစားများကိုပါ အကြွေးတင်နေလို့  သောကဝေနေပါတယ်။ အသက် (၃၀)ဝန်းကျင်သာ ရှိသေးတဲ့ မနှင်းဟာ ကလေးနှစ်ယောက်နဲ့ နေထိုင်ပါတယ်၊ ရွာအတွင်း နှစ်တိုသီးနှံဖြစ်သည့်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

သျှမ်းတောင် ခရမ်းချဉ်သီး တစ်ပိဿ ကျပ် ၂၀၀ ထိ စျေးကျ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အောင်ပန်း၊ကလော ၊ပင်းတယ၊ရွာငံဘက်မှ ခရမ်းချဉ်သီးတစ်ပိဿ ကျပ် (၂၀၀)အထိ ဈေးကျကာ လမ်းဘေးလွှင့်ပစ်နေရသည့် အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ပထမ ပတ်မှစပြီး ခရမ်းချဉ်သီး တစ်ပိဿလျှင် ငွေကျပ် (၂၀၀)အထိ ကျဆင်းခဲ့ပြီး ဈေးများ မငြိမ်သည့်အပြင် ဝယ်သူလည်း မရှိသဖြင့် ခရမ်းချဉ်ပွဲစားနှင့်...