အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။

ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍ အခြားတိုင်းရင်းသားများ လာရောက်ခြင်း၊ စီးပွားရေး ရင်းနှီးမြှုပ်ခြင်းနှင့် စက်လှေငှားရမ်းခြင်းတို့ကို လုံးဝခွင့်မပြုတော့ဘဲ အတင်းဝင်ရောက်လာပါက အရေးယူမည်ဟု ရေးသားထားသည်။

သတင်းစစ်ဆးချက်

ပျံ့နှံ့နေသော ထုတ်ပြန်ချက် စာစောင်ကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်မှ အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါတွင် ယင်းထုတ်ပြန်ချက်မှာ အတုဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

အဆိုပါစာတွင် အင်းတိုင်းရင်းသားများ၏ ဥက္ကဌဟု လက်မှတ်ရေးထိုးထားသော်လည်း အင်းလေးဒေသတွင် ထိုအမည်ဖြင့် တရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းမျိုး မရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် သျှမ်းပြည်နယ်အစိုးရအဖွဲ့၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီက “အဲဒီစာနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘာမှလည်း ပြောစရာလည်း မဟုတ်ဘူး၊ ဖြေရှင်းစရာလည်း မလိုဘူး။ ကျွန်မတို့ ထုတ်တာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ အင်းတိုင်းရင်းသားတွေကရော၊ ကျွန်မတို့ အင်းပါတီဘက်ကရော ထုတ်ပြန်ထားတာ မဟုတ်ပါဘူး” ဟု ကမ္ဘောဇတိုင်း မီဒီယာကို ဖြေကြားထားသည်။

ကမ္ဘောဇတိုင်း – https://shorturl.at/TcqYC

အင်းတိုင်းရင်းသားများသည် ရှေးယခင်ကတည်းက အခြားတိုင်းရင်းသားများနှင့် ချစ်ကြည်စွာ နေထိုင်လာကြသူများဖြစ်ပြီး ယခုကဲ့သို့ လူမျိုးရေး ခွဲခြားပိတ်ပင်သည့် သဘောထားမျိုး မည်သည့်အခါကမျှ မရှိခဲ့ကြောင်း ဝန်ကြီးက ရှင်းပြထားသည်။

အင်းလေးဒေအတွင်း တိုင်းရင်းသားအချင်းချင်းအကြား သွေးခွဲရန်တိုက်ပေးသည့် ထုတ်ပြန်စာအတုများနှင့် စည်းကမ်းချက်အမှားများ လူမှုကွန်ရက်ပေါ်တွင် ဆက်တိုက်ပျံ့နှံ့နေကြောင်း၊ ယင်းသည် တရားဝင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် မဟုတ်ဘဲ သွေးခွဲလိုသည့် လော်ဘီများနှင့် အကောင့်တုများ၏ ဝါဒဖြန့်မှုသာ ဖြစ်ကြောင်း ဒေသခံများကို ကိုးကား၍ ခမ်းသားငေါဝ်း မီဒီယာကလည်း ဖော်ပြထားသည်။

ခမ်းသားငေါဝ်း – https://shorturl.at/br6X6

ပြီးခဲ့သည့် လအတွင်းကလည်း အင်းလေးဒေသကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသအတွင်း ထည့်သွင်းမည်ဆိုသည့် သတင်းအတုတစ်ခု ပျံ့နှံ့ခဲ့ဖူးသည်။

အင်းလေးဒေသအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ထည့်သွင်းမည့် ကိစ္စနှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် (PNO) ဗဟိုဌာနချုပ်ရုံးက အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သျှမ်းသံတော်ဆင့် – https://burmese.shannews.org/archives/53049

သုံးသပ်ချက်

ယခုစာသည်လည်း တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော ဝါဒဖြန့်မှုတစ်ခုသာ ဖြစ်သည်။

မိဘပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုစာများကို မယုံကြည်ကြရန်နှင့် အတည်မပြုနိုင်သော သတင်းများကို ထပ်ဆင့်ဖြန့်ဝေခြင်း မပြုလုပ်ကြရန် တိုက်တွန်းအပ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

ဒေါ်ဇင်မာအောင် ဖမ်းဆီးခံရသည်ဆိုသည့် ရုပ်သံမှာ AI ဖြင့် ဖန်တီးထားသော သတင်းအမှားသာဖြစ်

0
လူမှုကွန်ရက်စာမျက်နှာများတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဖမ်းဆီးခံလိုက်ရပြီဟုဆိုကာ ရုပ်သံဗီဒီယိုတစ်ခု ပျံ့နှံ့နေသည်။ အဆိုပါရုပ်သံကို “Big Star MeMe” အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ မတ်လ ၄ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုသူ ၁၂,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၄၀၀ ကျော် ရှိခဲ့သည်။ သတင်းအမှား...