Thursday, May 9, 2024

သတင်းမှား

ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု စစ်ကောင်စီသတင်းမှားဖြန့်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “ဒေသအတွင်း လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အုံဖြစ်သည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ...

ငြိမ်းချမ်းသည့် ပအိုဝ်းဒေသကို PNLA ကဖျက်ဆီးလိုက်သဖြင့် လူမှုအဖွဲ့အစည်းပေါင်း (၁၉၄) ဖွဲ့ ကန့်ကွက်ရှုတ်ချ ထုတ်ပြန်ချက်အတု

ငြိမ်းချမ်းသည့် ပအိုဝ်းဒေသကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLA/PNLO က အာဏာရှင်တိုက်ခိုက်ရန်အကြောင်းပြပြီး ဖျက်ဆီးလိုက်သဖြင့် လှုမှုအဖွဲ့အစည်းပေါင်း (၁၉၄) ဖွဲ့က ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အတု ဖြန့်ချိနေသည်။ လူမှုကွန်ရက် Facebook ဖြစ်သည့် Pa-Oh ပအိုဝ်း Page မှ “လူမှုအဖွဲ့အစည်းများက ပအိုဝ်းအမျိုးသား လွတ်မြောက်အဖွဲ့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ”...

တိုက်ပွဲဆက်ဖြစ်နေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်းအေးချမ်းသွားပြီဟု သတင်းမှားဖြန့်နေ

တိုက်ပွဲဆက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် တည်ငြိမ်အေးချမ်းသွားပြီဖြစ်၍ နေရပ်ပြန်သွားသည့် ပြည်သူ ၁ ထောင်ခန့်ရှိနေပြီဖြစ်ကြောင်း ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် (တိုက်ပွဲသတင်းစုံ) အကောင့်မှ “တည်ငြိမ်အေးချမ်း ပြီဖြစ်တဲ့ ဆီဆိုင်မြို့သို့ နေရပ်ပြန် ပြည်သူ ၁,၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။ မိမိအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ PNLA/KNDF...

ပင်လောင်းမြို့နယ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF မှခိုးယူနေဟု ဓာတ်ပုံသတင်းမှားဖြန့်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ဖွဲ့မှကားများဖြင့် လာရောက်ခိုးယူနေကြောင်း သတင်းမှားဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေ ပအိုဝ်းကျေးရွာတွေမှာ KNDF ပူးပေါင်းအဖွဲ့က တိုက်ပွဲတွေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီး ၁ ဦးကို PNLA၊ KNDF နှင့် PDF တို့က အဓမ္မပြုကျင့်သတင်းမှား

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျိန် (ခ) ကုန်းသာရွာတွင် နေထိုင်သည့် အမျိုးသမီး ၁ ဦးကို ပအိုဝ်းအမျိုးသား လွတ်မြောက်တပ်မတော် PNLA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းမှားဖြန့်ချိနေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် ကျော်စွာ (Kyaw Swar)...

မိုးမိတ်မြို့ကို ဆိုင်ကယ်ဖြင့်ဝင်လို့ရ သတင်းအမှား

သျှမ်းပြည် မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ထဲသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်၍ရပြီဆိုသည့်  သတင်းအမှားဖြန့်ချိနေသည်။

သိန္နီမြို့နယ် စာသင်ကျောင်းများ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေး ယန္တရားစတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး ညွှန်ကြားချက် ၆ ချက်ထုတ်ပြန်ပြီးနောက် စာသင်ကျောင်းများ၌ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် (မှိုင်းဝေ) အကောင်းတစ်ခုမှ “သိန္နီမှာ MNDAAက...

သီပေါမြို့နယ် ဘော်ကြိုဘုရားကျောင်းရှိ စစ်ရှောင်ကလေးများကို TNLA၊ PDF မှ စစ်မှုထမ်းခေါ် သတင်းမှားဖြန့်ဝေနေ

သျှမ်းပြည် သီပေါမြို့နယ် ဘော်ကြိုရွာရှိ ဘော်ကြိုဘုရားကျောင်းတွင် တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ရှောင်ကလေးများကို တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့မှ စစ်မှုထမ်းရန် အတင်းအကျပ် ခြိမ်းခြောက်နေကြောင်း ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ် ချယ်နယ်ဖြစ်သည့်...

ညီနောင်မဟာမိတ်သုံးဖွဲ့ကို အလိုမရှိကြောင်း သျှမ်းပြည်သူများ ဆန္ဒဖော်ထုတ်ကြောင်း သတင်းမှားဖြန့်ချိနေ

သျှမ်းမြောက်ဒေသတွင် “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲကို ဆင်နွှဲနေလျက်ရှိသော ညီနောင်မဟာမိတ် သုံးဖော်အား သျှမ်းကျေးရွာများမှ ဒေသခံများက (လုံး၀) အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည်ဟု သတင်းအမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ၏ ဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်ဖြစ်တဲ့ lashio thar ဆိုသည့် အကောင့်တစ်ခုမှ “ အကြမ်းဖက်...

Latest news