ဓာတ်ပုံဟောင်းကိုသုံးပြီး TNLA မှ စစ်ကိုင်းသို့ ပေးပို့သည့်လက်နက်များ ဖမ်းမိဆိုသည့် သတင်းမှား

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ ဖမ်းမိကြောင်း ဓာတ်ပုံတစ်ပုံဖြင့် ဖြန့်ချိနေပါသည်။

အဆိုပါအကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာတစ်ဖြစ်သည့် “ဘကြီးအောင် ပြန်လာပြီ” ဟု အမည်ပေးထားသော အကောင့်တစ်ခုတွင် ဖြန့်ချိခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ Reaction ပြုလုပ်သူ ၇၁၆ ဦး၊ Comment ပေးသူ ၂၅ ဦးနှင့် ပြန်လည်မျှဝေသူ ၈၆ ဦးရှိခဲ့သည်။

မူရင်းလင်ခ့် – https://archive.ph/cJbEK

လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့နေသော အဆိုပါအကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက်စစ်ဆေးသူများ စစ်ဆေးကြည့်သောအခါ ဓာတ်ပုံဟောင်းကို အသုံးပြုပြီး ပြန်လည် ဖြန့်ဝေထားသည့် သတင်းမှားဖြစ်နေကြောင်း တွေ့ရသည်။

သတင်းစိစစ်ချက်

ဓာတ်ပုံများကို Reverse Image Search ဖြင့် စိစစ်ကြည့်သောအခါ အဆိုပါဓာတ်ပုံသည် လွန်ခဲ့သော ၂၀၁၉ ခုနှစ်က ရိုက်ထားသော ဓာတ်ပုံဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ လွန်ခဲ့သော ၂၀၁၉ နိုဝင်ဘာလ ၂၂ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း
နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာအနီးတွင် စစ်တပ်(စစ်ကော်မရှင်)မှ ရှာဖွေမှုများပြုလုပ်ရာ ကျေးရွာ၏ အရှေ့တောင်ဘက်အတွင်း TNLA ၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းသိုဝှက်ထားသည့် နေရာ ၃ ခုကို ရှာဖွေဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖမ်းဆီးရမိသော လက်နက်၊ ခဲယမ်းများကို စစ်တပ်က ၂၀၁၉ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် သျှမ်းသံတော်ဆင့်နှင့် လွတ်လပ်သော သတင်းမီဒီယာများဖြစ်သည့် ဧရာဝတီ၊ Myanmar Nowနှင့် DVB တို့တွင်လည်း အဆိုပါအကြောင်းအရာများအား ရေးဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် – https://burmese.shannews.org/archives/14734
ဧရာဝတီ – https://burma.irrawaddy.com/news/2019/11/23/208969.html
Myanmar Now – https://myanmar-now.org/mm/news/2792/
DVB – https://burmese.dvb.no/post/358185

သုံးသပ်ချက်

ထို့ကြောင့် TNLA မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ ဖမ်းမိသည်ဆိုသည့် အကြောင်းအရာသည် မှားယွင်းနေသည်။ လွန်ခဲ့သော ၂၀၁၉ ခုနှစ်က ရိုက်ထားသော ဓာတ်ပုံကို ပြန်လည်အသုံးပြုပြီး လုပ်ကြံဖန်းတီးကာ သတင်းအမှား ဖြန့်ဝေနေခြင်းပင် ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့နေသော အကြောင်းအရာကို ချက်ချင်းမယုံကြည်ဘဲ စိစစ်ပေးရန် တိုက်တွန်းလိုပါသည်။

သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံယသရှိသည် ဖြစ်စေ၊ မှန်ကန်သည့် သတင်း ဟုတ်/ မဟုတ် အတည်ပြုမေးမြန်းလိုသည်ဖြစ်စေ MFCN (သို့မဟုတ်) အချက်အလက် စစ်ဆေးသည့် သတင်းဌာနနှင့် အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...