မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။

အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။

လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ ၂၃ ရက်အထိ ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ်မှာ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ဟာ မိုင်ပေါင်း ၂၀,၀၀၀ နီးပါး ပျံသန်းခဲ့ပြီးနောက်မှာတော့ မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာမြေပေါ်မှာ ခြေကပ်မနေသင့်တော့ဘူးဆိုတာကို သဘာပေါက်သွားပုံရပါတယ်။

အိမ်မှာ မီးမလာရင် အာကာသထဲသွားနေဆိုတဲ့ မူဝါဒသစ်လားလို့တောင် ထင်မှတ်ရပါတယ်။

မြေပြင်မှာ ဘယ်ကနေ ဗုံးကျလာမလဲဆိုတာထက် အာကာသထဲကနေ ဘာအန္တရာယ်တွေ ကျလာမလဲဆိုတာကို စောင့်ကြည့်ဖို့ စခန်းတွေ ဆောက်ဦးမှာပါ။

ဒါ့အပြင် ဂြိုလ်တုတွေ၊ GNSS စခန်းတွေနဲ့ ၂၀၂၈ မှာ အာသာသယဉ်မှူး လွှတ်မယ့်အစီအစဉ်ဟာ “ဆန်ပြုတ်သောက် နေရပေမယ့် အာကာသထဲတော့ ဗျောက်အိုးဖောက်ချင်တယ်” ဆိုတဲ့ စိတ်ကူးမျိုးလို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။

ရုရှားနိုင်ငံက ပေးလိုက်တဲ့ “ဂုဏ်ထူးဆောင်ပါမောက္ခ” ဘွဲ့ကလည်း အတော်လေး ထိရောက်ပါတယ်။

ကုန်ဈေးနှုန်းတွေ တက်နေတာကို မထိန်းနိုင်သေးပေမယ့် ရုရှားတက္ကသိုလ်ကတော့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကို စီးပွားရေး ပညာရှင်အဖြစ် အသိအမှတ်ပြုလိုက်ပြီမို့ ရှေ့လျှောက် မြန်မာ့စီးပွားရေးဟာ Rocket လိုပဲ အာကာသထဲကို ထိုးတက်သွားတော့မလား မျှော်လင့်ရပါတယ်။

လျှပ်စစ်မီးအတွက်လည်း “Mini” ဆိုတဲ့အတိုင်း ချစ်စရာကောင်းတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုလေးတွေ ဆောက်ပေးဖို့ ရုရှားနဲ့ တိုင်ပင်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး၊ ဘယ်လာရုစ်နိုင်ငံကနေ ကားတာယာစက်ရုံတွေလည်း လာဆောက်ပေးဦးမှာပါ။

အာဏာသယာဉ်မှူးက အာကာသထဲကပြန်လာရင် မြန်မာပြည်လုပ် တာယာတွေနဲ့ ကားမောင်းပြီး အိမ်ပြန်နိုင်အောင် ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၈ ကျရင်တော့ မြန်မာပြည်သူတွေဟာ မီးပြတ်လို့ မှောင်နေတဲ့လမ်းဘေးမှာ ထိုင်ရင်း အာကာသထဲ ပျံတက်သွားမယ့် မြန်မာ့အာကာသယာဉ်ကို လက်ပြနှုတ်ဆက်နိုင်ဖို့ အားတင်းထားကြပါဦးလို့ပဲ တိုက်တွန်းလိုက်ပါရတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...